Coffee
တိုက်ခန်းလေးထဲမှာ ကော်ဖီရနံ့လေးသင်းပျံ့နေတယ် ။ အဲဒီကော်ဖီကို လူးကပ်စ်ဖျော်နေခဲ့တာ ။
တကယ်တော့ နီကိုးလပ်စ်က ကော်ဖီမကြိုက်တတ်ပါဘူး ။ သူကော်ဖီမကြိုက်သလို ကျွန်တော်လည်း ကော်ဖီမကြိုက်ဘူး ။ ကျွန်တော်အကြိုက်ဆုံး သောက်စရာက လူ့သွေးလေ ။ ဒါပေမဲ့ အဲဒီနှစ်တွေတုန်းကတော့ ကျွန်တော်တို့ဟာ ဝိုင်နီတွေ အတူသောက်ခဲ့ကြတယ် ။
နှစ်ရာချီကြာပြီးတဲ့အခါမှာတော့ လူးကပ်စ်က ကော်ဖီတွေကို နှစ်ခြိုက်ပါသတဲ့ ။
ကျွန်တော် ဧည့်ခန်းထဲမှာထိုင်ရင်း မီးဖိုခန်းထဲမှာ သူကော်ဖီဖျော်နေတာကို လှမ်းကြည့်နေမိတယ် ။ တကယ်တော့ လူးကပ်စ်က ကော်ဖီပူပူလေးတစ်ခွက်လိုပဲ သူ့ဘေးကလူကို နွေးထွေးသွားစေတယ် ။
နီကိုးလပ်စ်က ကော်ဖီမကြိုက်ဘူး ။
ကျွန်တော်လည်း ကော်ဖီမကြိုက်ဘူး ။
ဒါပေမဲ့ ကျွန်တော် လူးကပ်စ်ကို....
"အေတီအမ်နာက ကော်ဖီမကြိုက်ဘူးနော် အဲဒါကြောင့် ကျွန်တော် ချော့ကလက်ပူပူလေး ဖျော်ခဲ့တယ်"
လူးကပ်စ်က ကျွန်တော့်ရှေ့မှာ Hot chocolate တစ်ခွက်ချပေးပြီး သူကတော့ ကော်ဖီကို နှစ်ခြိုက်စွာ မော့သောက်လိုက်တယ် ။
သင်းသင်းလေးမွှေးတဲ့ ကော်ဖီရနံ့ ။
နှစ်လိုဖွယ်ကောင်းလောက်အောင် ပြုံးနေတတ်တဲ့ လူးကပ်စ် ။
သူဖျော်ပေးတဲ့ ချောကလက်ပူပူဟာလည်း သူ့လိုပဲ ကျွန်တော့်ကို နွေးထွေးသွားစေတယ် ။
သေသေချာချာကြည့်မှာ လူးကပ်စ်ဟာ ရဲတိုက်က Golden Retriever လိုပဲ ။ အကောင်ကြီးကြီးနဲ့ အမြဲတမ်း နှစ်လိုဖွယ်ရာ မျက်နှာနဲ့ ။
ဟော... သံစဉ်မြိုင်တဲ့ Waltz no.2 တေးသွားဟာ စတင်လာပြန်ပါပြီ ။
မျက်စိရှေ့မှာ ကော်ဖီတစ်ခွက်ကိုင်ထားတဲ့ ကောင်လေးရဲ့ နားရွက်ဖျားတွေက နီရဲလို့ ။
နောက်တော့ သူနဲ့ ကျွန်တော့်ကြားက အကွာအဝေးက နီးကပ်လာခဲ့သလိုနဲ့....
ကျွန်တော်သူ့ကို ဘယ်လောက်များ စိုက်ကြည့်မိသွားလည်း မသိခဲ့ပါဘူး ။ ကျွန်တော်အသိစိတ်ဝင်လာချိန်မှာ ကျွန်တော့်ပါးစပ်ဖျားက ချောကလက်ပူပူအရသာထဲ ကော်ဖီခါးခါးတို့ ရောစွက်နေခဲ့ပါပြီ ။
#WeWriteInOctober
---------------------
Coffee
တိုက္ခန္းေလးထဲမွာ ေကာ္ဖီရနံ႔ေလးသင္းပ်ံ႕ေနတယ္ ။ အဲဒီေကာ္ဖီကို လူးကပ္စ္ေဖ်ာ္ေနခဲ့တာ ။
တကယ္ေတာ့ နီကိုးလပ္စ္က ေကာ္ဖီမႀကိဳက္တတ္ပါဘူး ။ သူေကာ္ဖီမႀကိဳက္သလို ကၽြန္ေတာ္လည္း ေကာ္ဖီမႀကိဳက္ဘူး ။ ကၽြန္ေတာ္အႀကိဳက္ဆုံး ေသာက္စရာက လူ႔ေသြးေလ ။ ဒါေပမဲ့ အဲဒီႏွစ္ေတြတုန္းကေတာ့ ကၽြန္ေတာ္တို႔ဟာ ဝိုင္နီေတြ အတူေသာက္ခဲ့ၾကတယ္ ။
ႏွစ္ရာခ်ီၾကာၿပီးတဲ့အခါမွာေတာ့ လူးကပ္စ္က ေကာ္ဖီေတြကို ႏွစ္ၿခိဳက္ပါသတဲ့ ။
ကၽြန္ေတာ္ ဧည့္ခန္းထဲမွာထိုင္ရင္း မီးဖိုခန္းထဲမွာ သူေကာ္ဖီေဖ်ာ္ေနတာကို လွမ္းၾကည့္ေနမိတယ္ ။ တကယ္ေတာ့ လူးကပ္စ္က ေကာ္ဖီပူပူေလးတစ္ခြက္လိုပဲ သူ႔ေဘးကလူကို ေႏြးေထြးသြားေစတယ္ ။
နီကိုးလပ္စ္က ေကာ္ဖီမႀကိဳက္ဘူး ။
ကၽြန္ေတာ္လည္း ေကာ္ဖီမႀကိဳက္ဘူး ။
ဒါေပမဲ့ ကၽြန္ေတာ္ လူးကပ္စ္ကို....
"ေအတီအမ္နာက ေကာ္ဖီမႀကိဳက္ဘူးေနာ္ အဲဒါေၾကာင့္ ကၽြန္ေတာ္ ေခ်ာ့ကလက္ပူပူေလး ေဖ်ာ္ခဲ့တယ္"
လူးကပ္စ္က ကၽြန္ေတာ့္ေရွ႕မွာ Hot chocolate တစ္ခြက္ခ်ေပးၿပီး သူကေတာ့ ေကာ္ဖီကို ႏွစ္ၿခိဳက္စြာ ေမာ့ေသာက္လိုက္တယ္ ။
သင္းသင္းေလးေမႊးတဲ့ ေကာ္ဖီရနံ႔ ။
ႏွစ္လိုဖြယ္ေကာင္းေလာက္ေအာင္ ျပဳံးေနတတ္တဲ့ လူးကပ္စ္ ။
သူေဖ်ာ္ေပးတဲ့ ေခ်ာကလက္ပူပူဟာလည္း သူ႔လိုပဲ ကၽြန္ေတာ့္ကို ေႏြးေထြးသြားေစတယ္ ။
ေသေသခ်ာခ်ာၾကည့္မွာ လူးကပ္စ္ဟာ ရဲတိုက္က Golden Retriever လိုပဲ ။ အေကာင္ႀကီးႀကီးနဲ႔ အျမဲတမ္း ႏွစ္လိုဖြယ္ရာ မ်က္ႏွာနဲ႔ ။
ေဟာ... သံစဥ္ၿမိဳင္တဲ့ Waltz no.2 ေတးသြားဟာ စတင္လာျပန္ပါၿပီ ။
မ်က္စိေရွ႕မွာ ေကာ္ဖီတစ္ခြက္ကိုင္ထားတဲ့ ေကာင္ေလးရဲ့ နားရြက္ဖ်ားေတြက နီရဲလို႔ ။
ေနာက္ေတာ့ သူနဲ႔ ကၽြန္ေတာ့္ၾကားက အကြာအေဝးက နီးကပ္လာခဲ့သလိုနဲ႔....
ကၽြန္ေတာ္သူ႔ကို ဘယ္ေလာက္မ်ား စိုက္ၾကည့္မိသြားလည္း မသိခဲ့ပါဘူး ။ ကၽြန္ေတာ္အသိစိတ္ဝင္လာခ်ိန္မွာ ကၽြန္ေတာ့္ပါးစပ္ဖ်ားက ေခ်ာကလက္ပူပူအရသာထဲ ေကာ္ဖီခါးခါးတို႔ ေရာစြက္ေနခဲ့ပါၿပီ ။
#WeWriteInOctober
YOU ARE READING
October story
Short Storyဒါလေးက swan's short story facebook page က writing challenge လေးမှာ ဝင်join ဖြစ်တာလေးကို အမှတ်တရ တင်ထားဖြစ်တာလေးပါ ။