Empty Street

67 10 0
                                    

Empty Street

ည ။ ညဟာမှောင်မည်းပြီး တိတ်ဆိတ်နေတယ် ။ အဲဒီ မှောင်မည်းပြီး တိတ်ဆိတ်တဲ့ ညရဲ့ ဗလာကျင်းနေတဲ့ လမ်းမပေါ်မှာ ကျွန်တော်တစ်ယောက်တည်း ။ ကျွန်တော်ဘာကြောင့် လမ်းမပေါ် ဒီအချိန်ကြီး ထွက်လာခဲ့မိမှန်း ကျွန်တော်မသိဘူး ။ တကယ်တော့ ကျွန်တော်ဒီနေ့ အတော်လေးအချိန်စောစော အိပ်ယာဝင်ခဲ့တာပါ ။ ဒါပေမဲ့ အစောအိပ်လေ့မရှိတာကြောင့်များလားမသိ ညလည်ခေါင်ကြီး ကျွန်တော်တရေးနိုးလာခဲ့တယ် ။ ဒီလိုနဲ့ ကျွန်တော် လမ်းမပေါ် ထွက်လာခဲ့မိတယ် ။ အေးစိမ့်တဲ့ လေအေးတစ်ချက်ဝှေ့တိုက်သွားစဉ်မှာ ကျွန်တော်ဟာ အိပ်မက်ထဲက အဲဒီလူရဲ့ ရှပ်ဖြူလွလွလေးကို သတိရသွားမိတယ် ။ လီလီပန်းခင်းအလယ်မှာ အဲဒီလူဟာ မတ်မတ်ရပ်လို့ ။ လက်တွေ့ဘဝက ဗလာကျင်းနေတဲ့ လမ်းမပေါ်မှာတော့ ကျွန်တော်တစ်ယောက်တည်းပါပဲ ။ ဒီလိုနဲ့ ကျွန်တော် ဆက်လျှောက်လာရင်း လမ်းထောင့်ချိုးလေးတစ်ခုကို ချိုးကွေ့လိုက်ချိန်...

"အ ! ဆောရီး ကျွန်တော် မမြင်လိုက်မိ......လို့.."

"......."

အမှတ်မထင် ဝင်တိုက်မိတဲ့ ပုခုံးစွန်းတွေ...

ညအချိန် အေးစက်တိတ်ဆိတ် ဗလာကျင်းနေတဲ့ လမ်းမထက်မှာ သူရယ် ကျွန်တော်ရယ် အေးစက်တင်စီးတဲ့ အကြည့်တွေရယ် နူးညံ့စွာ အရှုံးပေးလိုက်မိတဲ့ နှလုံးသားတစ်ခုရယ်ပဲ ရှိနေခဲ့ပါတယ် ။

#wewriteinoctober

---------------------

Empty Street

ည ။ ညဟာေမွာင္မည္းၿပီး တိတ္ဆိတ္ေနတယ္ ။ အဲဒီ ေမွာင္မည္းၿပီး တိတ္ဆိတ္တဲ့ ညရဲ့ ဗလာက်င္းေနတဲ့ လမ္းမေပၚမွာ ကၽြန္ေတာ္တစ္ေယာက္တည္း ။ ကၽြန္ေတာ္ဘာေၾကာင့္ လမ္းမေပၚ ဒီအခ်ိန္ႀကီး ထြက္လာခဲ့မိမွန္း ကၽြန္ေတာ္မသိဘူး ။ တကယ္ေတာ့ ကၽြန္ေတာ္ဒီေန႔ အေတာ္ေလးအခ်ိန္ေစာေစာ အိပ္ယာဝင္ခဲ့တာပါ ။ ဒါေပမဲ့ အေစာအိပ္ေလ့မရွိတာေၾကာင့္မ်ားလားမသိ ညလည္ေခါင္ႀကီး ကၽြန္ေတာ္တေရးနိုးလာခဲ့တယ္ ။ ဒီလိုနဲ႔ ကၽြန္ေတာ္ လမ္းမေပၚ ထြက္လာခဲ့မိတယ္ ။ ေအးစိမ့္တဲ့ ေလေအးတစ္ခ်က္ေဝွ႕တိုက္သြားစဥ္မွာ ကၽြန္ေတာ္ဟာ အိပ္မက္ထဲက အဲဒီလူရဲ့ ရွပ္ျဖဴလြလြေလးကို သတိရသြားမိတယ္ ။ လီလီပန္းခင္းအလယ္မွာ အဲဒီလူဟာ မတ္မတ္ရပ္လို႔ ။ လက္ေတြ႕ဘဝက ဗလာက်င္းေနတဲ့ လမ္းမေပၚမွာေတာ့ ကၽြန္ေတာ္တစ္ေယာက္တည္းပါပဲ ။ ဒီလိုနဲ႔ ကၽြန္ေတာ္ ဆက္ေလၽွာက္လာရင္း လမ္းေထာင့္ခ်ိဳးေလးတစ္ခုကို ခ်ိဳးေကြ႕လိုက္ခ်ိန္...

"အ ! ေဆာရီး ကၽြန္ေတာ္ မျမင္လိုက္မိ......လို႔.."

"......."

အမွတ္မထင္ ဝင္တိုက္မိတဲ့ ပုခုံးစြန္းေတြ...

ညအခ်ိန္ ေအးစက္တိတ္ဆိတ္ ဗလာက်င္းေနတဲ့ လမ္းမထက္မွာ သူရယ္ ကၽြန္ေတာ္ရယ္ ေအးစက္တင္စီးတဲ့ အၾကည့္ေတြရယ္ ႏူးညံ့စြာ အရွုံးေပးလိုက္မိတဲ့ ႏွလုံးသားတစ္ခုရယ္ပဲ ရွိေနခဲ့ပါတယ္ ။

#wewriteinoctober

October storyWhere stories live. Discover now