Good intentions

26 9 0
                                    

Good intentions

​လောကမှာ လူတစ်ယောက်ဆီ လူတစ်ယောက် ချဉ်းကပ်လာခြင်းက ကောင်းတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်သလို မကောင်းတဲ့ ရည်ရွယ်ချက်ကြောင့်လည်း ဖြစ်နိုင်တယ် ။ တခါတရံ လူ့လောကထဲမှာ ကနဦးကတော့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာခဲ့ရင်း နောက်ဆုံးမှ စေတနာကောင်းနဲ့ ချန်ရစ် ပျောက်ကွယ်သွားတာမျိုးလည်း ရှိတတ်ပြန်တာပေါ့ ။

အဲဒီလို လူမျိုးကို ကျွန်တော် ခွင့်လွှတ်သင့်လား ။

ဒီမေးခွန်းကို ကျွန်တော် မဖြေနိုင်လို့ အဲဒီပုစ္ဆာဟာ မြေအောက်က သော့ခတ်ထားတဲ့ အခန်းထဲမှာ အခုချိန်ထိ တမြေ့မြေ့ဆွေးမြေ့နေဆဲ ရှိနေသေးတယ် ။

ဒီရက်ပိုင်းတွေမှာ ကျွန်တော်ဟာ အဲဒီမြေတိုက်ခန်းတံခါးကို ဖွင့်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ် ။ ဒါပေမဲ့ အခေါက်တိုင်းမှာ ကျွန်တော် ကျောခိုင်းထွက်လာခဲ့တာချည်းပဲ ။

" နီကိုးလပ်စ်~"

ကျွန်တော် အသိစိတ်ထဲမှာ အဲဒီလူရဲ့ နာမည်က မဆွေးမြေ့သွားသေးဘူးပဲ ။ နှစ်ရာချီကြာမြင့်ခဲ့ပြီးမှ ထုတ်ခေါ်လိုက်မိတဲ့ အဲဒီနာမည်ဟာ အနည်းငယ်တော့ ဟောင်းနွမ်းနေသလို ခံစားရတယ် ။

တခါကပေါ့....

​သွေးစုတ်ဖုတ်ကောင်မျိုးနွယ်ရဲ့ ခေါင်းဆောင်ဖြစ်လာမယ့်သူ မျိုးနွယ်စုထဲက နောက်ဆုံး မျိုးဆက် သွေးသန့် vampireကို ရှာဖို့ စေလွှတ်ခံရတဲ့ နီကိုးလပ်စ် ။

အဲဒီတုန်းက ကျွန်တော်ဟာ လောကကြီးအကြောင်းနားမလည်တတ်သေးဘူး ။ လူတွေ အကြောင်း နားမလည်တတ်သေးဘူး ။ အားလုံးကို ယုံလွယ်ပြီး ခံစားချက်တချို့ကို ရူးရူးမူးမူး ရှေ့တန်းတင်တတ်တဲ့အရွယ်ပေါ့ ။

ကျွန်တော် ယုံတယ် ။ နီကိုးလပ်စ်ဟာ ကျွန်တော့်အပေါ် ကောင်းတယ်လို့ ။

ကျွန်တော် ယုံတယ် ။ သူဟာကျွန်တော့်အတွက် အသက်တောင်စွန့်ရဲလိမ့်မယ်လို့ ။

ကျွန်တော် ယုံတယ် ။ သူကျွန်တော့်ဆီ ရောက်လာခဲ့တာဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ပဲ ရှိလိမ့်မယ်လို့.....

October storyWhere stories live. Discover now