Jealousy
စိတ်ခံစားချက်တစ်ခုအကြောင်းကို အမည်နာမတပ်နိုင်ဖို့ရာ အိမ်တော်ထိန်းဆီ အကြမ်းဖျင်းပြောပြကြည့်တော့ သူပြန်ပြောတာက....
"သခင်လေး အဲဒါ သဝန်တိုနေတာ"
"........."
ကမ္ဘာပေါ်မှာ ရယ်စရာအကောင်းဆုံးဟာသကို ကြားလိုက်ရသလိုပါပဲ ။ ကျွန်တော် သူ့ကို မျက်မှောင်တွေကျုတ်ပြီး ပြန်ကြည့်လိုက်မိတယ် ။
" မင်းက အဲဒါ ငါခံစားချက်တွေလို့ ထင်နေတာလား ?"
အိမ်တော်ထိန်းဟာ ပြာပြာသလဲ ထိတ်ထိတ်လန့်လန့်နဲ့ ။
" မ... မထင်ပါဘူးသခင်လေး"
"ဟမ့် ရူးရူးနှမ်းနှမ်းတွေ"
တကယ်ကို ရူးရူးနှမ်းနှမ်းပါပဲ ။ အိမ်တော်ထိန်းဟာ စိတ်ခံစားချက်တွေကို နားမလည်တတ်ဘူးထင်တယ် ။ သည်လို ကိုယ်နဲ့ မနီးမဝေးမှာ အမြဲလိုလို မြင်ရနေကျ လူတစ်ယောက် ကိုယ့်နားကို လုံးဝ မလာတော့ဘဲ တမင်ရှောင်နေသလိုနဲ့ တခြားသူတွေနဲ့ကျတော့ ပြုံးရွှင်ရယ်မော ပြောဆိုနေတာကို မြင်ရချိန် စိတ်ထဲမှာ ဖြစ်လာတဲ့ ခိုးလိုးခုလု မကျေနပ်မှုတွေကို နာမည်တပ်ခိုင်းလိုက်တာ သဝန်တိုတာတဲ့လား ။ အဓိပ္ပါယ်မရှိလိုက်ပုံများက ။ အိမ်တော်ထိန်းကို စိတ်ခံစားချက်တွေအကြောင်း ခွဲခြမ်းစိတ်ဖြာမှု သင်တန်း သွားတတ်ခိုင်းဖို့ လိုနေပြီထင်တယ် ။
နောက်ပြီး ဟို အပြောင်းအလဲများတဲ့ လူသား !
ငါသခင်လေးကို ဘာများထင်လို့ စိတ်အနှောင့်အယှက်ဖြစ်စေရသလဲ ။ ငါသခင်လေးရဲ့ အနီးအပါးကို လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ ရသလား ။ ငါသခင်လေးကို အမြဲလိုလို ငေးကြည့်နေတတ်တဲ့ မျက်လုံးတွေကို တခြားသူတွေဆီ လွှဲပြောင်းပစ်ရသလား !
သူ့ကိုလည်း ရဲတိုက်ရဲ့ မြေအောက်ထပ်ထဲမှာ ပိတ်လှောင် ချုပ်နှောင်ထားပြီး သက်ရှိ သွေးအိတ်လုပ်ပစ်တာကောင်းတယ် ။
စဉ်းစားကြည့်လေ ဒါ ကျွန်တော် သဝန်တိုနေတာ ဖြစ်နိုင်ပါ့မလား ။ အိမ်တော်ထိန်းဟာ တကယ်ကိုပဲ တုံးအလွန်းတယ် ။
#WeWriteInOctober
-------------------
Jealousy
စိတ္ခံစားခ်က္တစ္ခုအေၾကာင္းကို အမည္နာမတပ္နိုင္ဖို႔ရာ အိမ္ေတာ္ထိန္းဆီ အၾကမ္းဖ်င္းေျပာျပၾကည့္ေတာ့ သူျပန္ေျပာတာက....
"သခင္ေလး အဲဒါ သဝန္တိုေနတာ"
"........."
ကမၻာေပၚမွာ ရယ္စရာအေကာင္းဆုံးဟာသကို ၾကားလိုက္ရသလိုပါပဲ ။ ကၽြန္ေတာ္ သူ႔ကို မ်က္ေမွာင္ေတြက်ဳတ္ၿပီး ျပန္ၾကည့္လိုက္မိတယ္ ။
" မင္းက အဲဒါ ငါခံစားခ်က္ေတြလို႔ ထင္ေနတာလား ?"
အိမ္ေတာ္ထိန္းဟာ ျပာျပာသလဲ ထိတ္ထိတ္လန႔္လန႔္နဲ႔ ။
" မ... မထင္ပါဘူးသခင္ေလး"
"ဟမ့္ ႐ူး႐ူးႏွမ္းႏွမ္းေတြ"
တကယ္ကို ႐ူး႐ူးႏွမ္းႏွမ္းပါပဲ ။ အိမ္ေတာ္ထိန္းဟာ စိတ္ခံစားခ်က္ေတြကို နားမလည္တတ္ဘူးထင္တယ္ ။ သည္လို ကိုယ္နဲ႔ မနီးမေဝးမွာ အျမဲလိုလို ျမင္ရေနက် လူတစ္ေယာက္ ကိုယ့္နားကို လုံးဝ မလာေတာ့ဘဲ တမင္ေရွာင္ေနသလိုနဲ႔ တျခားသူေတြနဲ႔က်ေတာ့ ျပဳံးရႊင္ရယ္ေမာ ေျပာဆိုေနတာကို ျမင္ရခ်ိန္ စိတ္ထဲမွာ ျဖစ္လာတဲ့ ခိုးလိုးခုလု မေက်နပ္မွုေတြကို နာမည္တပ္ခိုင္းလိုက္တာ သဝန္တိုတာတဲ့လား ။ အဓိပၸါယ္မရွိလိုက္ပုံမ်ားက ။ အိမ္ေတာ္ထိန္းကို စိတ္ခံစားခ်က္ေတြအေၾကာင္း ခြဲျခမ္းစိတ္ျဖာမွု သင္တန္း သြားတတ္ခိုင္းဖို႔ လိုေနၿပီထင္တယ္ ။
ေနာက္ၿပီး ဟို အေျပာင္းအလဲမ်ားတဲ့ လူသား !
ငါသခင္ေလးကို ဘာမ်ားထင္လို႔ စိတ္အေႏွာင့္အယွက္ျဖစ္ေစရသလဲ ။ ငါသခင္ေလးရဲ့ အနီးအပါးကို လာခ်င္တိုင္းလာ သြားခ်င္တိုင္းသြားလို႔ ရသလား ။ ငါသခင္ေလးကို အျမဲလိုလို ေငးၾကည့္ေနတတ္တဲ့ မ်က္လုံးေတြကို တျခားသူေတြဆီ လႊဲေျပာင္းပစ္ရသလား !
သူ႔ကိုလည္း ရဲတိုက္ရဲ့ ေျမေအာက္ထပ္ထဲမွာ ပိတ္ေလွာင္ ခ်ဳပ္ေႏွာင္ထားၿပီး သက္ရွိ ေသြးအိတ္လုပ္ပစ္တာေကာင္းတယ္ ။
စဥ္းစားၾကည့္ေလ ဒါ ကၽြန္ေတာ္ သဝန္တိုေနတာ ျဖစ္နိုင္ပါ့မလား ။ အိမ္ေတာ္ထိန္းဟာ တကယ္ကိုပဲ တုံးအလြန္းတယ္ ။
#WeWriteInOctober
YOU ARE READING
October story
Short Storyဒါလေးက swan's short story facebook page က writing challenge လေးမှာ ဝင်join ဖြစ်တာလေးကို အမှတ်တရ တင်ထားဖြစ်တာလေးပါ ။