Season 1 ~ Chapter 2

730 12 0
                                    

Season 1 ~ Chapter 2

သူ့အနမ်းကို သူမကမရုန်းပါ။ မရုန်းသည့်အပြင် စိတ်ပါလက်ပါ ပြန်တုံ့ပြန်လာသည်။ နှုတ်ခမ်းနှင့်လျှာများ အငြိမ်မနေ လှုပ်ရှားနေသကဲ့သို့ စားပွဲခုံအောက်တွင်လည်း ဖိနပ်ချွတ်ထားသည့် သူမခြေထောက်တစ်ဖက်က သူ့ခြေထောက်ကို ပွတ်သပ်ကျီစယ်နေသည်။

နမ်းနေရင်းမှ သူမခန္ဓာကိုယ်ကို ဆွဲဖက်လိုက်တော့ အလိုက်သင့် ပါလာပြီး မျက်နှာလေးကို မော့ပေးထားသဖြင့် သူမကိုယ်လေးက သူ့ရင်ဘတ်နှင့် ပူးကပ်လျက်။

အချိန်ဘယ်လောက် ကြာသွားလဲမသိ အသက်ရှူဖို့ မဖြစ်မနေ လိုလာတော့မှပင် သူတို့ လူချင်းခွာလိုက်ရသည်။ wow... ဒီလိုခံစားချက်မျိုး၊ ဒီလိုအရသာမျိုးကို ခံစားရဖူးတာ သူ့ဘဝတစ်လျှောက် လက်ချိုးရေလို့တောင် ရသည်။

"အဟိ"

သူမလေးဆီမှ လှောင်ရယ်သံလေး ထွက်လာသည်။

"ဘာဖြစ်လို့လဲ"

"ကျွန်မနှုတ်ခမ်းနီတွေ ရှင့်မျက်နှာပေါ် ပေကုန်ပြီ"

"ဟုတ်လား"

ဖုန်းဖွင့်ပြီး front camera ထဲ ကြည့်လိုက်တော့ အဟုတ်ကို သူ့နှုတ်ခမ်းတစ်ဝိုက်မှာ နှုတ်ခမ်းနီများ ပေပွလို့။ ရှက်ရယ်ရယ်ရင်း အင်္ကျီလက်နှင့် ပွတ်သုတ်ပစ်မည်လုပ်တော့ သူမကတားပြီး သူမပိုက်ဆံအိတ်ထဲက တစ်ရှူးထုပ်လေးထုတ်ကာ သူမကိုယ်တိုင် သုတ်ပေးသည်။

သူ့နှုတ်ခမ်းပေါ် ရွစိရွစိ လာလုပ်နေသည့် လက်ချောင်းလေးကို သွားနှင့် လှမ်းကိုက်လိုက်တော့ သူမ ရယ်ပြန်သည်။

"မဆိုးပါဘူး။ ကျွန်မ အရွေးမှန်သားပဲ။ ရှင်နဲ့ဆို ကျွန်မ ပျင်းရမယ် မထင်ပါဘူး"

"ကိုယ်နဲ့သာဆိုရင် ပျင်းတယ်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကိုတောင် မင်းမေ့သွားစေရမယ်"

ခါးသေးသေးလေးကို ဆွဲဖက်ရင်း ပြောလိုက်တော့ သူမ မျက်စောင်းထိုးသည်။

"ကောင်းပြီလေ။ ဒါဆိုလည်း စတော့။ ဒီတစ်ညလုံး ကျွန်မကို ဖျော်ဖြေဖို့က ရှင့်အလုပ်ပဲ။ ဘယ်ကစမလဲ"

"ဟုတ်ပြီလေ။ ဒါဆို ဒီဆိုင်ထဲမှာ ရှိနေတဲ့ လူတွေအကြောင်း ပြောပြမယ်"

ထိုအရာသည် အဆိပ် သို့မဟုတ်...Where stories live. Discover now