Season 2 ~ Chapter 3

207 7 1
                                    

Season 2 ~ Chapter 3

ဒေါက် ဒေါက် ဒေါက်။

"ဝင်ခဲ့"

ကို့ဆီက ခွင့်ပြုချက်ရမှ သူသူ ကို့အခန်းထဲ တံခါးအသာဖွင့်ပြီး ဝင်ခဲ့သည်။

"ဪ၊ ရတနာလား"

ကုတင်ခေါင်းရင်းကို ကျောမှီပြီး အိပ်ရာပေါ် ခြေထောက်နှစ်ဖက်ဆန့်ကာ ခပ်လျော့လျော့ထိုင်နေသည့် ကိုက သူသူ့ကိုမော့ကြည့်ပြီး ထိုသို့ပြောလာသဖြင့် သူသူ့နှုတ်ခမ်းလေး တစ်တောင်လောက် စူထွက်သွားသည်။

"သူသူမဟုတ်လို့ ကိုက ဘယ်သူ့ကို မျှော်နေသေးလို့လဲ"

ကိုက မဖြေ။ သူသူ အမြဲကြွေဆင်းရတတ်သည့် အပြုံးလေးကိုသာ ပြုံးပြသည်။

ဟွန်း၊ ဒေဝီစံမြန်းဆိုလား ဘာဆိုလား၊ အဲ့ဘွားတော်မကြီးကို မျှော်နေတာနေမှာပေါ့။

သူသူ စိတ်ဆိုးဆိုးနှင့် ပြန်လှည့်ထွက်တော့မည်အလုပ် -

"အဲဒါ ဘယ်သွားမလို့လဲ။ ဒီကိုလာခဲ့"

"မလာပါဘူး"

"ရတနာ"

နည်းနည်းမာလာသည့် ကို့အသံကို ကြားတာနှင့် သူသူ့ကိုယ်လေး တုန်တက်သွားသည်။ ထိုလေသံမျိုး ကြားရပြီဆို ဆက်ပြီး ထော်လော်ကန့်လန့် မလုပ်သင့်တော့ဘူးဆိုတာ ဒီအိမ်ကြီးကို ရောက်လာပြီးကတည်းက သူသူ သဘောပေါက်နေပြီ။ ချက်ချင်း အခန်းအတွင်းဘက်ကို ခြေဦးပြန်လှည့်လိုက်ရသည်။ ရသလောက်လေးတော့ စိတ်ကောက်ချင်သေးသဖြင့် နှုတ်ခမ်းစူထားတာကိုတော့ မလျှော့သေး။

ကိုက လက်တစ်ဖက် ဆန့်ပေးထားသဖြင့် ကုတင်ပေါ်တက်ကာ ကို့ရင်ခွင်ထဲ အလိုက်သင့် ဝင်လိုက်သည်။

ကိုက စူပုပ်ထားသည့် သူမနှုတ်ခမ်းလေးကို အရင်ဆီးပြီး နမ်းလိုက်သဖြင့် ရင်တွေအသည်းတွေ တလှပ်လှပ် ခါသွားရသည်။ ခြေဖျားလေးများပါ ကော့တက်လာသည်အထိ ကတုန်ကယင် ဖြစ်လာသည့် အချိန်ကျမှ ကိုက သူသူ့ကိုလွှတ်ပေးသည်။

"ကိုယ့်ရဲ့ ရတနာလေး ဘယ်လိုလဲ။ ကိုယ့်အိမ်မှာ နေသားကျပြီလား"

"အင်း နည်းနည်းပေါ့"

"နောက်ဆို ပိုပြီး အဆင်ပြေလာမှာပါ။ ဒီအိမ်က ဘေဘီ တစ်သက်လုံး နေသွားရမယ့် အိမ်ပဲဟာ"

ထိုအရာသည် အဆိပ် သို့မဟုတ်...Donde viven las historias. Descúbrelo ahora