Season 2 ~ Chapter 2

234 4 3
                                    

Season 2 ~ Chapter 2

အနက်ရောင် ဆံပင်ရှည်ကြီးများ ဘောင်ခတ်ထားသည့် ထိုသွေးစုပ်ကောင်၏မျက်နှာသည် သွေးသစ်ကို စိုက်ကြည့်နေလိုက်သည်မှာ အခုထိ မျက်တောင်တစ်ချက်မှ မခတ်သေး။

"ငါ့အသက် ဘယ်နှနှစ်ရှိပြီလဲ မင်းသိလား"

အရင်းမရှိ အဖျားမရှိ ထမေးသည့်မေးခွန်းကြောင့် သွေးသစ် ကြောင်သွားသည်။ သူ့အမူအရာကိုကြည့်ကာ မင်းဥက္ကာသခင်က ပြုံးလိုက်ရင်း -

"အင်းလေ၊ မင်းဘယ်သိမလဲ။ ဒေဝီတောင်မှ မသိတဲ့ဟာ"

ပြောရင်းနှင့် သူ့ဘေးက ဒေဝီစံမြန်းကို မော့ကြည့်တော့ ဟိုကလည်း သူ့လင်ကို မြတ်နိုးချစ်ခင်သည့် အပြုံးလေးနှင့် ငုံ့ကြည့်ကာ နှစ်ယောက်သား အကြည့်ချင်း ဖလှယ်နေလိုက်ကြသည်မှာ 'တော်ကြပါတော့။ စောက်ကျိုးနည်း' လို့ သွေးသစ် ထအော်ချင်လာသည်အထိ။

နောက်ဆုံးမှ မင်းဥက္ကာသခင် ရှေ့ပြန်လှည့်လာသည်။

"ငါကိုယ်တိုင်တောင် မေ့နေတာကြာပါပြီ။ ဟိုတလောကမှ သတိတရ ပြန်တွက်ကြည့်မိတာ။ ငါ့အသက်က နှစ် ၂၀၀၀  ပြည့်ခါနီးနေပြီ။ ရက်ပိုင်းပဲလိုတော့တယ်"

"အဲဒီတော့ ဘာဖြစ်လဲ"

"အဲဒီတော့ ဘာဖြစ်လဲဆိုတော့ ငါ့အသက် ၂၀၀၀ ပြည့်တဲ့နေ့မှာ ငါ့ကိုယ်ငါ မွေးနေ့လက်ဆောင်တစ်ခု ပေးဖို့ရှိတယ်..."

"ဟင်၊ ဘာလက်ဆောင်လဲ ကို"

စကားဖြတ်ပြီး ဝင်မေးလာသည့် သူသူ့ကို ဒေဝီစံမြန်းက မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်သည်။ မင်းဥက္ကာသခင်ကတော့ သူသူ့ခေါင်းလေးကို ဖွဖွပွတ်ရင်း -

"အချိန်တန်ရင် သိရမှာပေါ့ ကလေးရယ်။ အဲဒီတော့ ငါ့အသက် ၂၀၀၀ ပြည့်တဲ့နေ့မှာ ငါ့ကိုယ်ငါ လက်ဆောင်တစ်ခုပေးဖို့ စီစဥ်ထားတယ်"

"အဲဒါနဲ့ ကျုပ်နဲ့ ဘာဆိုင်လို့လဲ"

"ဆိုင်တဲ့နေရာ ငါပြောမယ်လေ။ ငါ့ကိုယ်ငါ ပေးမယ့်လက်ဆောင်က မင်းမဟုတ်ဘူး။ အဲဒါတော့ စိတ်မပူနဲ့။ မင်းက အဲ့လောက် တန်ဖိုးမရှိဘူး"

မင်းဥက္ကာသခင်က သူ့ပေါင်ပေါ်က သူသူ့ကို အသာတွန်းဖယ်ကာ ခုံပေါ်မှထပြီး စင်မြင့်လှေကားထစ်များကို တစ်ထစ်ချင်း တစ်လှမ်းချင်း ဆင်းလာသည်။ သွေးသစ်ရှေ့ကိုရောက်တော့ ကြမ်းပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်သဖြင့် သူတို့မျက်နှာများ တစ်တန်းတည်း ဖြစ်သွားသည်။

ထိုအရာသည် အဆိပ် သို့မဟုတ်...Where stories live. Discover now