Season 2 ~Chapter 14 (ဇာတ်သိမ်း)

1.3K 17 7
                                    

Season 2 ~ Chapter 14 (ဇာတ်သိမ်း)

"တော်ပါတော့၊ တော်ပါတော့။ အားလုံး ရပ်လိုက်ကြတော့။ တော်တော့"

အော်သံစူးစူးသည် မေရွက်ဝါဆီမှ ထွက်လာခြင်းဖြစ်သည်။

"ဇယားတွေ အဲ့လောက် ရှုပ်မနေကြနဲ့တော့။ တော်လိုက်ကြပါတော့"

"မေရွက်..."

သူမပခုံးပေါ် လှမ်းတင်လိုက်သည့် သွေးသစ်လက်ကို မေရွက်က ပုတ်ချပစ်လိုက်သည်။ ထို့နောက် မင်းဥက္ကာသခင်နှင့် ဒေဝီစံမြန်းတို့ဘက်သို့ လက်ညှိုးထိုး၍ -

"ဒီလောက်ဆို တော်သင့်ပြီ။ ရှင်တို့ရဲ့ဇာတ်လမ်းတွေ ဘာတွေပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲရှုပ်ရှုပ် ရှင်တို့ဘာသာပဲ ရှင်းကြတော့။ ကျွန်မတို့အတွက်က တော်သင့်ပြီ။ သွေးသစ်နဲ့ကျွန်မ ဒီက ထွက်သွားတော့မယ်။ ရှင်လည်း သေချင်သေ မသေချင်နေ။ ရှင့်ဟာမလည်း သေချင်သေ ရှင်ချင်ရှင်။ ကြိုက်တာသာလုပ်ကြတော့။ အရေးကြီးတာ ကျွန်မတို့နှစ်ယောက် ဒီနေရာနဲ့ အဝေးဆုံးကို ထွက်သွားနိုင်ဖို့ပဲ။  လာ သွေးသစ်၊ ငါတို့သွားမယ်"

"ငါတို့ ဒီအတိုင်း ထွက်သွားလို့မဖြစ်ဘူး"

"ဘာလို့လဲ"

မေရွက် အော်ပစ်လိုက်သည့်အသံသည် မှန်များတောင် တုန်ခါသွားသလား ထင်ရသည်။

"ဘာလို့လဲ။ နင့်ဟာမကို မထားခဲ့နိုင်လို့လား။ အဲ့လောက်တောင် နင်အဖြစ်သည်းနေလား။ ဒီအချိန်ထိတောင် နင်က အဲ့ဟာမအတွက် စိတ်ပူပေးနေသေးတာလား။ တော်တော့ သွေးသစ်။ တော်လိုက်တော့။ ဒီလောက်နဲ့ အသိတရား ဝင်လိုက်တော့။ ငါတို့ ဒီကနေ ထွက်သွားမှဖြစ်မယ်"

"မဟုတ်သေးဘူး မေရွက်"

မေရွက်အသံထဲတွင် ငိုသံပါလာသည်။

"ငါ ဘာကိုမှမျှော်ကိုးပြီး နင့်ကိုခေါ်နေတာ မဟုတ်ပါဘူး သွေးသစ်ရယ်။ နင် ငါ့ကို မချစ်ချင်ရင်လည်း နေပါ။ တစ်သက်လုံး ချစ်မလာနိုင်ဘူးဆိုလည်း ရပါတယ်။ ငါလက်ခံပါ့မယ်။ ငါ နင့်အတွက် စိတ်ပူလို့ ပြောနေတာပါ။ နင်အသက်ရှင်ဖို့အတွက်ပဲ ငါပြောနေတာပါ။ နင့်လက်ကလည်း သွေးတွေ အရမ်းထွက်နေပြီ။ သွေးထွက်လွန်သွားရင် နင်ဒုက္ခရောက်လိမ့်မယ်။ အဲဒါကြောင့် သွားရအောင်ပါ သွေးသစ်ရယ်။ ငါတောင်းပန်ပါတယ်။ နော်... ငါနဲ့လိုက်ခဲ့ပါ"

ထိုအရာသည် အဆိပ် သို့မဟုတ်...Where stories live. Discover now