Season 1 ~ Chapter 5
"မနဒီ၊ ရေအေးအေးလေး တစ်ခွက်လောက် ခပ်ခဲ့ပေးပါလား"
"အေး အေး၊ လာပြီ လာပြီ။ ရော့ ရော့"
"သူသူ၊ ရေလေးနည်းနည်း သောက်လိုက်နော်။ ဖြည်းဖြည်းသောက်၊ သီးသွားဦးမယ်"
သူသူက မေရွက်ဆီမှ ဖန်ခွက်ကိုယူပြီး ရေကို အငမ်းမရ မော့သောက်နေသည်။ သူသူ သောက်ပြီးသွားသည့်ခွက်ကို ပြန်သိမ်းရင်း မနဒီက -
"သမီးလေး၊ အဆင်ပြေရဲ့လား။ အန်တီ ဘာလုပ်ပေးရမလဲဟင်"
သူသူက ခေါင်းလေးသာ ယမ်းပြရှာသည်။ စကားပြောနိုင်လောက်အောင် အကြောက်ပြေသေးပုံမရ။ တုန်ယင်နေသည့် လက်ကလေးများက သူ့ဦးလေး ကိုသီဟ၏လက်မောင်းကို အားကိုးတကြီး ဆုပ်ကိုင်ထားသည်။
"သူသူ၊ သမီးလည်ပင်းကို ဦးလေး ကြည့်ပေးဦးမယ်နော်။ စိတ်ကိုလျှော့ထား။ ဘာမှ မဖြစ်ဘူးနော်"
သူသူ ခေါင်းလေး ညိတ်ပြပြန်သည်။ မနဒီက ဆေးသေတ္တာတစ်ခုကို အလိုက်တသိ ပြေးယူပြီး သွေးသစ်လက်ထဲ ထည့်ပေးသည်။ မေရွက်က သူသူခေါင်းပေါ်က ဆံပင်လေးများကို လည်ပင်းပေါ်အောင် တစ်ဖက်ကိုသပ်လိုက်တော့...။
သူသူ့လည်ပင်းတစ်ဖက်တွင် နီရဲနေသည့် သွားရာများ။ အသားကိုပါ ပေါက်ထွက်သွားအောင် အားကုန်သုံးပြီး ကိုက်ခဲထားသဖြင့် အခုထိတောင် သွေးစို့နေသည်။ သွားပေါက်ရာများ၏ဘေးတွင်က အညိုအမည်းများ ဖြစ်စပြုနေပြီ။
"အ"
ဒဏ်ရာကို မေရွက် လက်နှင့်တို့ကြည့်တော့ သူသူ တွန့်သွားပြီး ထအော်သည်။
"ဆောရီး ဆောရီး ညီမလေး။ ဘာမှ မဖြစ်ဘူးနော်။ အစ်မ သန့်ရှင်းရေးလုပ်ပြီး ဆေးထည့်ပေးမယ်"
မေရွက်ဦးဆောင်ပြီး အနာဆေးခြင်း၊ ဆေးထည့်ခြင်းသည် ခဏလေးအတွင်းမှာ ပြီးစီးသွားသည်။ သူသူ့ဆံပင်လေးများကို ပြန်ချပေးရင်း -
"သုံးလေးရက်တော့ ရောင်ပြီး နာနေဦးမှာ။ ဆေးမှန်မှန် သောက်ရမယ်နော် ညီမလေး"
"ဟုတ်"
"သမီးလေး လာ။ အန်တီတို့ အဝတ်အစား သွားလဲရအောင်။ သမီးအင်္ကျီမှာ သွေးတွေပေနေပြီ"
YOU ARE READING
ထိုအရာသည် အဆိပ် သို့မဟုတ်...
General FictionType - boy×girl Genre - Psycho, Thriller ကျွန်တော့်နာမည် 'သွေးသစ်'။ လုပ်တဲ့အလုပ်က သွေးစုပ်ကောင်မုဆိုး။ ကျွန်တော့်မှာ 'မေရွက်ဝါ' ဆိုတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း မိန်းကလေးတစ်ယောက် ရှိတယ်။ 'ဒေဝီစံမြန်း' ဆိုတဲ့ ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိတယ်။...