Season 2 ~ Chapter 13

312 9 0
                                    

Season 2 ~ Chapter 13

အတော်ကြာပြီး ရယ်သံရပ်သွားသည့်အချိန်တွင် တည်ကြည်သွားသည့် မင်းဥက္ကာသခင်၏မျက်နှာသည် ကြောက်မက်ဖွယ်အတိ။ ကျောက်သားလို အေးစက်တင်းမာနေသော အမူအရာပေါ်မှာမှ ဒေါသ၏ အငွေ့အသက်တို့က အလျှံတငြီးငြီး ပျံဝဲနေသည်။ စူးရှပြောင်လက်နေသော မျက်လုံးများနှင့် သူတို့သုံးယောက်ကို တစ်ယောက်စီ လိုက်ကြည့်နေပုံကြောင့် သွေးသစ်တောင်မှ ကျောချမ်းလာသည်။

"ထင်မထားဘူး။ မင်းတို့သုံးယောက်က ငါ့ကို အံ့သြအောင် လုပ်လိုက်ကြတာပဲ။ ငါ့အစီအစဥ်တွေ ပြောင်းသွားရလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး"

"....."

"ငါ ကြိုခန့်မှန်းထားတာက မေရွက်ဝါနဲ့ ဒေဝီ့ကြားမှာ ရွေးရမယ်ဆိုရင် သွေးသစ်က ဒေဝီ့ကိုပဲ ရွေးလိမ့်မယ်လို့ ထင်ထားတာ။ အဲ့လိုသာဆိုရင် ငါ မေရွက်ဝါကို သတ်ရတော့မယ်လို့ပဲ ထင်ထားတာ။ ဟင်း ဟင်း၊ အခုတော့ တလွဲတချော်တွေ ဖြစ်သွားပါလား"

စကားပြောရင်း အသံအက်အက်နှင့် ရယ်လိုက်သံကြောင့် သူ့ဘေးတွင်ရှိနေသည့် မေရွက်ဝါ ဆတ်ခနဲ တုန်သွားသည်ကို သွေးသစ် ခံစားမိလိုက်သည်။

"မင်းတို့ ငါ့ကို အကျပ်ရိုက်အောင် လုပ်လိုက်ကြတာပဲ။ ဟင်း ဟင်း။ သိပ်ကောင်းတယ်"

"ခင်ဗျား တကယ် ရူးနေတာပဲ"

သွေးသစ်အသံကြာင့် မင်းဥက္ကာသခင်၏ မျက်လုံးစိမ်းစိမ်းများက သူ့ကို စိုက်ကြည့်လာသည်။

"ဟုတ်တယ်။ ရူးချင်လည်း ရူးနေမှာပေါ့။ ရူးနေတော့လည်း ဘာဖြစ်သေးလဲ"

တစ်လုံးချင်းပြောလာသည့် ထိုစကားများကြောင့် သွေးသစ် ဘာဆက်ပြောရမှန်း မသိတော့ဘဲ ကြောင်အသွားသည်။ မင်းဥက္ကာသခင်က ပြတင်းပေါက်နား လျှောက်သွားကာ အပြင်မှ မှောင်မည်းနေသော ကောင်းကင်ပြင်ကြီးကို ငေးကြည့်နေသည်။

"မိုးတောင် လင်းလာတော့မှာပဲ။ မင်းတို့သိလား။ ဒီနေ့က ငါ့အသက် နှစ်ထောင်တိတိ ပြည့်တဲ့နေ့ပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်က ဒီလိုနေ့မှာ ငါ သွေးစုပ်ကောင်အဖြစ် ပထမဆုံးအကြိမ် နိုးထလာခဲ့တာပဲ"

ထိုအရာသည် အဆိပ် သို့မဟုတ်...Where stories live. Discover now