Season 1 ~ Chapter 6
သူသူနှင့် မနဒီ အိပ်ခန်းထဲ ဝင်သွားတာနှင့် ကိုသီဟက "သွားကြစို့" ဆိုပြီး ရှေ့ဆုံးကထွက်သွားသည်။ သွေးသစ်က ကိုသီဟနောက်မှ ကပ်လိုက်သည်။ ခေါင်းကို နည်းနည်းငိုက်လျက် ဘောင်းဘီအိတ်ကပ်နှစ်ဖက်ထဲ လက်နှိုက်ကာ သူမရှေ့မှ လျှောက်သွားနေသည့် သွေးသစ်၏ နောက်ကျောကိုကြည့်ရင်း မေရွက်ဝါတစ်ယောက် မကျေနပ်စိတ်များ လှိုက်တက်လာသည်။
သူမတို့မသိအောင် သွေးသစ် တစ်ခုခုတော့ ဖုံးကွယ်ထားသည်။ ဒီမြို့ကို ရောက်လာပြီးကတည်းက သူ့အမူအရာများ ထူးဆန်းနေသည်။ စိတ်နှင့်လူနှင့်လည်း ကပ်ပုံမရ။ သူမကိုလည်း စကားကောင်းကောင်းမပြော။ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် စကားပြောဖို့ အခွင့်အရေးကလည်းမရ။
ကိုသီဟကားပေါ် ရောက်ကြပြီး ကားမောင်းထွက်လာသည်အထိ မေရွက်အတွေးများက လွင့်ပျံ့နေဆဲ။
သူမများ သွေးသစ်စိတ်ဆိုးအောင် တစ်ခုခု လုပ်မိသလား။ ပြန်စဥ်းစားကြည့်ရသလောက် ဘာမှတော့ မလုပ်မိဘူး ထင်ပါသည်။ သူစိတ်မကြည်တာ တခြားကိစ္စကြောင့်ပဲနေမှာပါ။ သို့သော် ဘာကိစ္စကြောင့်လဲ။ ဘာလေးပဲဖြစ်ဖြစ် အသေးအဖွဲလေးများကအစ သူမက သွေးသစ်ကို အကုန်ပြောပြတတ်သလောက် သွေးသစ်ဘက်ကတော့ ထိုသို့မဟုတ်တာကို တွေးတွေးပြီး ပို၍ပို၍ ဝမ်းနည်းလာမိသည်။ သူမကိုယ်သူမ သွေးသစ်နှင့် အနီးဆုံးလူဟု ထင်ထားခဲ့တာသည် ထင်ယောင်မှားခြင်း သက်သက်ပါပဲ။
ငယ်ငယ်တုန်းကလို အမေတွေဆီက မုန့်ဖိုးယူပြီး မုန့်ဆိုင်သွားကြလျှင်တောင် လမ်းတွင် လူကွဲသွားမည်ကို စိုးရိမ်ပြီး တစ်ယောက်လက်ကိုတစ်ယောက် တင်းတင်းဆုပ်ကိုင်ကာ သွားခဲ့ကြခြင်းလိုမျိုး၊ ကျောင်းမှာလည်း အတန်းတူ အခန်းတူမို့ တစ်နေကုန် တွေ့ရပြီးတာတောင် ညနေကျောင်းဆင်းလျှင် အတူဆော့၊ အတူအိမ်စာလုပ်၊ ညစာပါ အတူစားပြီး အိပ်ချိန်ရောက်မှ မခွဲချင်ခွဲချင်နှင့် ကိုယ့်အိမ်ကိုယ် ပြန်အိပ်ကြရခြင်းလိုမျိုး ရင်းနှီးနွေးထွေးမှုများသည် အသက်တွေ တဖြည်းဖြည်း ကြီးလာသည်နှင့်အမျှ အတိတ်က ပုံရိပ်များအဖြစ်သာ မှုန်ဝါးပြီး ကျန်ခဲ့လေပြီ။
VOUS LISEZ
ထိုအရာသည် အဆိပ် သို့မဟုတ်...
Fiction généraleType - boy×girl Genre - Psycho, Thriller ကျွန်တော့်နာမည် 'သွေးသစ်'။ လုပ်တဲ့အလုပ်က သွေးစုပ်ကောင်မုဆိုး။ ကျွန်တော့်မှာ 'မေရွက်ဝါ' ဆိုတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း မိန်းကလေးတစ်ယောက် ရှိတယ်။ 'ဒေဝီစံမြန်း' ဆိုတဲ့ ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိတယ်။...