Season 2 ~ Chapter 8

228 8 1
                                    

Season 2 ~ Chapter 8

ခြေလှမ်းတို့က ဆက်မလှမ်းချင်တော့လောက်အောင် အားလျော့နေပြီ။ နာနေသည့် ခြေထောက်တစ်ဖက်က ကောင်းကောင်း မထောက်နိုင်သဖြင့် တရွတ်ဆွဲလာရသည့်အပြင် နံရိုးကလည်း အသက်ရှူလိုက်တိုင်း တစူးစူး နာနေသေးသည်။

အရှေ့အရပ်မှ မိုးကောင်းကင်တွင် ရောင်နီပြေးလာပြီ။ သူလမ်းလျှောက်လာခဲ့ရတာ ဘယ်နှနာရီ ကြာသွားပြီလဲမသိ။ ပုံမှန်အတိုင်းဆိုလျှင်တော့ ဒီလမ်းက အလွန်ဆုံးလျှောက်ရလျှင် တစ်နာရီ၊ တစ်နာရီခွဲလောက်ပါပဲ။ သို့သော် သွေးသစ်မှာက တစ်ကိုယ်လုံး ဒဏ်ရာတွေနှင့်အပြင် သွေးထွက်များပြီး အားကလည်း နည်းနေသေးသဖြင့် နားလိုက်လျှောက်လိုက်နှင့် နာရီပေါင်းများစွာကြာအောင် လျှောက်ခဲ့ရသည်။

သူ့အတွက် ရင်အထိတ်ခဲ့ရဆုံးကတော့ စံအိမ်ဝင်းထဲမှ ထွက်ခဲ့ရသည့်အချိန်ပင်။ ဒေဝီစံမြန်းက အစောင့်များကို ကွေ့ပတ်ရှောင်ပြီး သွားလို့ရသည့်လမ်းကို ညွှန်ပြလိုက်သော်လည်း သူ့မသိစိတ်က သူမကို မယုံရဲခဲ့။ သူ့ကို ထောင်ချောက်ဆင်ခြင်း ဖြစ်လိမ့်မည်ဟုသာ တစ်ထစ်ချ ယုံကြည်နေခဲ့မိသည်။ အချိန်မရွေး သွေးစုပ်ကောင်များ အမှောင်ရိပ်ထဲမှ ဘွားခနဲ ပေါ်ထွက်လာပြီး သူ့ကို ဖမ်းမိသွားကြလိမ့်မည်ဟုပဲ စိတ်ထဲ ထင့်နေခဲ့သည်။

သို့သော် တကယ့်လက်တွေ့တွင်တော့ ဘယ်သွေးစုပ်ကောင်မှ သူ့ကိုဖမ်းဖို့ ပေါ်မလာခဲ့။ သူမပြောလိုက်သည့် လမ်းတစ်လျှောက်အတိုင်း အဟုတ်တကယ်ကို အနှောင့်အယှက်ကင်းကင်း၊ ဘာအန္တရာယ်မှ မရှိခဲ့ဘဲ စံအိမ်ဝင်း အပြင်ဘက်သို့ ချောချောမွေ့မွေ့ ရောက်ရှိသွားခဲ့သည်။

သူမသည် သူလွတ်မြောက်အောင် အမှန်တကယ် ကူညီပေးခဲ့တာပါလားဆိုသည့်အသိနှင့် သူ့နှလုံးသားတစ်ခုလုံး နာကျင်ခဲ့ရသည်။ သူကတော့ လွတ်မြောက်ခဲ့ရပြီး သူမကတော့ ကျန်နေရစ်ခဲ့ရပြီဖြစ်သည့် ငရဲစံအိမ်ကြီးကို သမင်လည်ပြန် လှည့်ကြည့်မိရင်း သူ့စိတ်တို့လည်း တွေဝေခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ တွေဝေချင်နေသည့် ထိုစိတ်ကို သူ ဇွတ်မှိတ်ပြီး ပြတ်သားခဲ့ပါသည်။ သူမကိုယ်တိုင်ကမှ အကယ်တင် မခံချင်တာကို သူက ဇွတ်ကယ်တင်ချင်နေလို့ရော ဘာထူးမှာတဲ့လဲ။ ပြီးတော့လည်း သူ့အခြေအနေက မင်းဥက္ကာသခင်လိုကောင်မျိုးနှင့် ယှဥ်ပြိုင်တိုက်ခိုက်ပြီး အနိုင်ယူနိုင်မည့် အခြေအနေမျိုးမှာ ရှိမနေ။

ထိုအရာသည် အဆိပ် သို့မဟုတ်...Dove le storie prendono vita. Scoprilo ora