Season 1 ~ Chapter 4
"အလွယ်ဆုံးနဲ့ အမြန်ဆုံးထိရောက်မယ့် နည်းလမ်းကတော့ တစ်ခုပဲရှိတယ်"
သူမစကားကြောင့် မျက်နှာကြီး မှုန်မှိုင်းနေသည့် ကိုသီဟက သူမကိုလှမ်းကြည့်သည်။ သွေးသစ်ကတော့ ပြတင်းပေါက် အပြင်ဘက်ကို ငေးလျက်။
"ဒီညပဲ ငါးစာချ ထောင်ချောက်ဆင်ပြီး ဒီသွေးစုပ်ကောင်ကို မျှားခေါ်ရမယ်"
သူတို့ပြောနေသည့် စကားများကို စိတ်မဝင်စားသလို လုပ်နေခဲ့သည့်သွေးသစ် အခုမှ အိပ်မက်က လန့်နိုးလာပုံရသည်။ ကိုသီဟက မျက်မှောင်ကုပ်လျက် -
"ဘယ်လို ထောင်ချောက်ဆင်ပြီး ဘယ်လို မျှားခေါ်မှာလဲ"
"လွယ်လွယ်လေးပါ။ ဒီကောင် ကျင်လည်ကျက်စားနေတဲ့ နေရာတစ်ဝိုက်နဲ့ သူရွေးတတ်တဲ့ သားကောင်အမျိုးအစားကို သိနေပြီပဲ။ သူလာမယ့်လမ်းမှာ သူကြိုက်မယ့်အစာကို ချထားလိုက်ရင် လာမဟပ်ဘဲ နေပါ့မလား"
"ညီမပြောသလိုဆို အသက်နှစ်ဆယ်ကျော် ရုပ်ရည်သန့်သန့် မိန်းကလေးတစ်ယောက်ကိုသုံးပြီး ဒီသွေးစုပ်ကောင်ကို ထောင်ဖမ်းမယ်ပေါ့"
"ဟုတ်တယ် အစ်ကို"
"အန္တရာယ် မများဘူးလား"
"စွန့်စားသင့်သလောက်တော့ စွန့်စားရမှာပေါ့ အစ်ကိုရယ်။ တစ်ဖက်က စွန့်စားရမှာနဲ့ တစ်ဖက်က လူ့အသက်တွေ ချိန်ကြည့်ရင်တော့ တန်ပါတယ်။ အခုကိုပဲ ခြောက်ရက်မှာ အလောင်းခြောက်လောင်း ဖြစ်နေပြီ။ ဒီညဆို ခုနစ်လောင်း ဖြစ်မလာဘူးလို့ ပြောနိုင်လား။ ဒီကောင့်ကို ညီမတို့ အမြန်တားမှဖြစ်မယ်"
"ဒီကောင်လို့ ပြောနေရအောင် သွေးစုပ်ကောင်အထီးလို့ ငါတို့ သေချာမပြောနိုင်သေးပါဘူး"
ရုတ်တရက် ဝင်ပြောလိုက်သည့် သွေးသစ်စကားကြောင့် သူမရော ကိုသီဟပါ ပြောလက်စစကား ပြတ်သွားပြီး ကြောင်အမ်းအမ်းဖြစ်ကုန်သည်။ သွေးသစ်က သူတို့နှစ်ယောက်ကို ခပ်အေးအေးပြန်ကြည့်ရင်း -
"တရားခံက သွေးစုပ်ကောင်အမလည်း ဖြစ်နေနိုင်တာပဲမလား။ သေသွားကြတဲ့ သားကောင်တွေက မိန်းကလေးတွေ ဖြစ်နေတာနဲ့တင် တရားခံက အထီးပါလို့ ကောက်ချက်ချလို့ ဘယ်ရမလဲ။ သွေးစုပ်ကောင်တွေဆိုတာ စိတ်ဝိညာဥ်ထဲကကို ကောက်ကျစ်ယုတ်ညံ့တဲ့ အမျိုးအစားတွေ။ အထီးပဲဖြစ်ဖြစ် အမပဲဖြစ်ဖြစ် အကုန် အတူတူပဲ"
YOU ARE READING
ထိုအရာသည် အဆိပ် သို့မဟုတ်...
General FictionType - boy×girl Genre - Psycho, Thriller ကျွန်တော့်နာမည် 'သွေးသစ်'။ လုပ်တဲ့အလုပ်က သွေးစုပ်ကောင်မုဆိုး။ ကျွန်တော့်မှာ 'မေရွက်ဝါ' ဆိုတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း မိန်းကလေးတစ်ယောက် ရှိတယ်။ 'ဒေဝီစံမြန်း' ဆိုတဲ့ ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိတယ်။...