Season 2 ~ Chapter 7

218 6 4
                                    

Season 2 ~ Chapter 7

သူ့ဦးနှောက်က ဒီမိန်းမ၏ စကားတွေကို မယုံဖို့ အော်ဟစ်ပြောဆိုနေသော်လည်း သူ့နှလုံးသားကတော့ နွမ်းလျနေသည့် မျက်နှာလှလှလေးကို ငေးကြည့်ရင်း စကားလုံး တစ်လုံးစီတိုင်းကို ခြွင်းချက်မရှိ ယုံကြည်နေမိသည်။

"ငါ့ကို တကယ် ထွက်ပြေးခိုင်းနေတာလား"

ဒေဝီစံမြန်းက မျက်နှာနွမ်းဖျော့ဖျော့လေးနှင့်ပင် ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်"

"အဲဒါဆို မင်းပါလိုက်ခဲ့"

"ဟင်"

"ငါထွက်ပြေးရမယ်ဆိုရင် မင်းကိုပါခေါ်သွားမယ်။ ဒီငရဲတွင်းကြီးထဲမှာတော့ မင်းကို မထားခဲ့နိုင်ဘူး။ ငါတစ်ယောက်တည်း ကိုယ်လွတ်ရုန်းပြီး ထွက်မသွားနိုင်ဘူး။ မင်းပါလိုက်ခဲ့ပါ"

"ကျွန်မ လိုက်လို့မဖြစ်ဘူး"

"ဘာလို့ မဖြစ်ရမှာလဲ"

သူ့မေးခွန်းကို သူမ မဖြေတော့ဘဲ မျက်နှာလွှဲသွားသည်။ ဒီလောက်ဆို သွေးသစ် သဘောပေါက်လိုက်ပါပြီ။

"မင်းရဲ့ ချစ်လှစွာသော သခင်နဲ့ မခွဲနိုင်ဘူးပေါ့လေ။ ဟုတ်လား"

သူ့အသံထဲတွင် ခနဲ့သည့်၊ လှောင်ပြောင်သည့် အရိပ်အယောင်များအပြည့်။ မခံချင်စိတ်နှင့် နာကျည်းစိတ်များ ပေါင်းစပ်ပြီး အသံက အဖျားခတ် တုန်ယင်သွားသေးသည်။

"ငါမေးတာကို ဖြေစမ်းပါ။ မင်းသခင်ကို မင်းချစ်နေသေးလို့လား။ အဲဒါကြောင့် ငါနဲ့ မလိုက်နိုင်တာလား"

"....."

"ဒေဝီစံမြန်း ငါမေးနေတယ်လေ။ မင်းသခင် အနားကနေ မခွာနိုင်လို့ ငါ့နောက် မလိုက်နိုင်ရတာလားလို့"

ဒေါသပါထွက်လာပြီး သူ့အသံက တစ်စထက်တစ်စ ပိုကျယ်လာသည်။ ဒေဝီစံမြန်းက သူ့ဘက် ရုတ်တရက်လှည့်လာကာ သူ့ပါးစပ်ကို လက်နှင့်လှမ်းပိတ်သည်။

"ဟုတ်တယ်။ ကျွန်မ သခင့်ကို ချစ်နေသေးတယ်။ သခင်နဲ့ မခွဲနိုင်ဘူး။ သခင်နဲ့ဝေးရာကို ထွက်မသွားနိုင်ဘူး။ ရပြီလား"

သူ့ပါးစပ်ပေါ်က သူမလက်ကို ပုတ်ထုတ်ပစ်လိုက်သည်။

"ရှင့်ကို မချစ်ပါဘူး၊ တခြားယောက်ျားတစ်ယောက်ကိုပဲ ချစ်ပါတယ်လို့ ပြောနေတဲ့ မိန်းမတစ်ယောက်ကို တောက်တဲ့ကပ်သလို အတင်းလိုက်ပြီး တွယ်ကပ်နေတာ ရှင်မရှက်ဘူးလား။ ရှင့်အစား ကျွန်မတော့ မျက်နှာပူလာပြီ"

ထိုအရာသည် အဆိပ် သို့မဟုတ်...Où les histoires vivent. Découvrez maintenant