Season 1 ~ Chapter 12

241 6 3
                                    

Season 1 ~ Chapter 12

"ကို... သူသူပြန်လာပြီ"

"ပြန်လာလို့ တော်သေးတာပေါ့ ရတနာရယ်"

"ကိုနော်၊ ကို့စကားက ဘာအဓိပ္ပာယ်လဲ"

"ရတနာ ထွက်သွားတာ ကြာလှပြီလေ။ ကို့မှာ မျှော်နေရတာ လည်ပင်းတောင် ရှည်လှပြီ။ ရတနာများ ကို့ကို ပစ်ထားခဲ့ပြီး အိမ်ပြန်ပြေးသွားပြီလားလို့"

"စကားတွေ တတ်နေလိုက်တာ။ သူသူက ကို့ကို ဘာလို့ ထားခဲ့ရမှာလဲလို့"

"ဘယ်ပြောတတ်မလဲ။ ကို့ကို တကယ်မချစ်ရင် ထားခဲ့မှာပေါ့"

"အပိုတွေ တော်တော်ပြောနော်။ ကို့ကို ချစ်လွန်းလို့ပဲ ဒီအထိတောင် ကို့နောက် လိုက်လာခဲ့ပြီးပြီဟာကို။ သူသူ့ကို ခုထိ မယုံသေးဘူးလား"

"ယုံပါတယ်ကွာ ယုံပါတယ်။ အဲ့နှုတ်ခမ်းလေးက မစူပါနဲ့တော့"

ယုယစွာ ပွေ့ဖက်လိုက်သည့် ကို့ရင်ခွင်ထဲတွင် သူသူတစ်ယောက် အရည်ပျော်သွားရသည်။

"ရတနာ၊ ကို့ကိုချစ်လား"

ကိုက သူမမျက်နှာလေးကို ပါးနှစ်ဖက်ကနေ လက်နဲ့မကာ မော့ပြီး သူ့ကိုကြည့်စေသည်။

"ချစ်ပါတယ်လို့ဆို။ ဘယ်နှခါ မေးနေမှာလဲ"

"ရတနာ့ဆီက ချစ်တယ်ဆိုတဲ့ အသံလေးကို ခဏခဏ ကြားချင်နေလို့ပေါ့ကွာ"

"အဲဒါဆိုလည်း ခဏခဏ ပြောပေးမယ်။ ချစ်တယ် ချစ်တယ် ချစ်တယ်။ ရပြီလား"

"ရပြီ"

ကို့အပြုံးလေးကိုကြည့်ပြီး သူသူပါ တစ်ဝကြီး ပြုံးမိလာသည်။ ဟုတ်ပါတယ်။ ကို့ကို သူသူ အရမ်းချစ်ပါတယ်။ မချစ်ဘဲရော နေနိုင်ပါ့မလား။ ကို့ကိုလည်း ကြည့်လိုက်ဦးလေ။

ပခုံးကျော်ကျော်ထိ ဝဲနေသည့် ဆံပင်နက်နက်များက မိန်းကလေးများ ရှုံးရလောက်အောင် ပျော့အိနူးညံ့နေသည်။ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးများကို ပြောင်စင်နေအောင် ရိတ်ထားသည့် မျက်နှာလေးသည် ဖြူဖွေးနုဥနေလိုက်တာများ။ နှာတံချွန်ချွန်လေးကလည်း အသည်းယားစရာ။

အားလုံးထက်ပိုပြီး ဆွဲဆောင်မှု ရှိတာကတော့ ကို့မျက်လုံးများ။ နက်မှောင်နေသည့် ထိုမျက်ဝန်းတစ်စုံသည် အဆုံးမရှိသည့် ရေကန်ကျယ်ကြီးများနှင့် တူသည်။ သာမန်ထက်ကို ပိုပြီးမည်းနက်ကာ လေးနက်တည်ကြည်ခြင်းများ ပြည့်နှက်နေသည့် မျက်ဆံနက်နက်များ။ လူကို ကြည့်ပြီဆိုတိုင်း ညှို့ယူဖမ်းစားနိုင်လွန်းသော အရည်လည်နေသည့် ရီဝေဝေ မျက်လုံးများနှင့် တငေးတမော စိုက်ကြည့်တတ်သည်မှာ ကို့အကျင့်။ ထိုအကြည့်တွင် ဒူးတွေတောင် မခိုင်နိုင်တော့အောင် ညွတ်ကျခွေဆင်းသွားတတ်တာလည်း သူသူ့အကျင့်။

ထိုအရာသည် အဆိပ် သို့မဟုတ်...حيث تعيش القصص. اكتشف الآن