Season 2 ~ Chapter 4

222 9 0
                                    

Season 2 ~ Chapter 4

"ရှင်ပြောတာမှန်တယ်"

တံခါးကို ဝုန်းခနဲ ဖွင့်ဝင်လာပြီး ကုတင်ပေါ် ဆောင့်ကြီးအောင့်ကြီး ဝင်ထိုင်ချလိုက်သည့် ဒေဝီစံမြန်းကြောင့် အိပ်ငိုက်စပြုနေသည့် သွေးသစ် လန့်နိုးလာရသည်။

"ငါကဘာပြောလို့ ဘာတွေ မှန်နေတာလဲ"

"ဝေစားမျှစား လုပ်ရတဲ့ ခံစားချက်ကြီးက ဘယ်လောက်ဆိုးလဲ ကျွန်မ ကောင်းကောင်း သိလိမ့်မယ်လို့ ရှင်ပြောခဲ့တာ မှန်တယ်လို့"

"ဪ အဲဒါလား"

သူ့ကို ပါးနှစ်ချက်ဆင့် ရိုက်သွားတုန်းကထက်တောင် ဒေါသတွေ ပိုထွက်လာသေးပုံရသည့် သူမသည် အသက်ရှူတာတောင် ပုံမမှန်။ ခဏနေတော့မှ သူ့စိတ်ကိုသူ ထိန်းနိုင်သွားဟန်နှင့် မျက်လုံးစုံမှိတ်ကာ သက်ပြင်းအရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

"ထားပါတော့။ ဒါမျိုးတွေကြုံရတာ ပထမဆုံးအကြိမ်လည်း မဟုတ်တော့ပါဘူး"

"မင်း ဘာကို ဆိုလိုတာလဲ"

မဲ့ပြုံးလေး ပြုံးလိုက်ပုံကိုက သူမနှုတ်ခမ်းများက လှလွန်းသည်။ သူမပြောလာမည့် စကားတို့ကိုတောင် သွေးသစ် အာရုံမစိုက်ချင်တော့။ ထိုမျက်နှာ လှလှလေးကို ငေးကြည့်နေရလျှင်ပင် သူ့ဘဝကြီးက ပြည့်စုံနေသလိုလို။ ထိုမဲ့ပြုံးလေးကို သူ့လက်မနှင့် ပွတ်သပ်ဖယ်ရှားပေးလိုက်ချင်သည်။ လက်ထိပ်များကြောင့် လှုပ်မရ၍သာ။

"ဒီလောက် နှစ်တွေအကြာကြီးအတွင်း သခင့်ဘေးနားမှာ မိန်းမဆိုလို့ ကျွန်မတစ်ယောက်ပဲ ရှိခဲ့ဖူးတယ် ထင်လို့လား"

"မထင်ပါဘူး"

"အရင်ကလည်း သူဒီလိုပဲ။ ငယ်ငယ်ချောချော မိန်းကလေးတွေ ခေါ်လာပြီးရင် ကျွန်မရှေ့မှာ တမင် အရေးပေးပြ၊ ဂရုစိုက်ပြ၊ ချစ်ပြနဲ့ ကျွန်မ စိတ်ဆင်းရဲသည်ထက် ဆင်းရဲရအောင် လုပ်ပြနေကျပဲ"

"အဲဒါနဲ့များတောင် မင်းက သူ့ကို အချစ်ကြီးချစ်ပြီး အတင်း တွယ်ကပ်နေတာလေ။ လူကြားကောင်းအောင် ငါ့ရှေ့မှာ လာညည်းပြမနေနဲ့တော့။ ငါ သနားမှာမဟုတ်ဘူး"

ထိုအရာသည် အဆိပ် သို့မဟုတ်...Where stories live. Discover now