Season 2 ~ Chapter 11
"နှစ်နှစ်ဆယ်လုံးလုံး ကြိုတင်စီစဥ်ပြီး စောင့်နေခဲ့တာဆိုတော့ ခင်ဗျားက ဒီနေ့ ဒီအချိန်ရောက်လာအောင် ကျုပ်တို့ တစ်သက်နီးပါး စောင့်လာခဲ့တယ်လို့ ဆိုလိုချင်တာလား"
"သိပ်ဟုတ်တာပေါ့"
မင်းဥက္ကာသခင်၏ အပြုအမူ၊ အပြောအဆို အများစုကို သွေးသစ် နားလည်လေ့မရှိပါ။ သို့သော် ဒီတစ်ခါကတော့ အဆိုးဆုံး ဖြစ်မည်ထင်သည်။ ခေါင်းကြီးတစ်ခုလုံးသာ အုံခဲလာသည်။ သူပြောချင်သည့် အဓိပ္ပာယ်ကို နားမလည်နိုင်။
ဒေဝီစံမြန်းကို လှမ်းကြည့်တော့ သူမလည်း သူ့နည်းတူ စိတ်ရှုပ်ထွေးနေသည့် မျက်နှာနှင့် မျက်မှောင်ကုတ်လျက်။ မေရွက်ကလည်း ထိုနည်းတူစွာ။
"ခင်ဗျား ကျုပ်ကို ဘယ်အချိန်ကတည်းက သိနေခဲ့တာလဲ"
"မင်းအဖေ သေသွားကတည်းကပဲ"
"ဘာ၊ ခင်ဗျား ဘာပြောလိုက်တယ်"
ကိုယ့်ကိုယ်ကိုယ်တောင် မသိလိုက်ဘဲ သွေးသစ် ထိုင်နေရာမှ ထရပ်လိုက်မိသည်။ မေရွက်ခေါင်း ဆတ်ခနဲ ထောင်လာတာကိုလည်း သူ့မျက်လုံးထောင့်မှ မြင်လိုက်ရသည်။
"သွေးသစ်အဖေအကြောင်း ရှင်က ဘယ်လိုသိတာလဲ"
"ဘယ်လိုသိတာလဲဆိုတော့ သူ့အဖေကို ငါသတ်လိုက်တာမို့လို့လေ"
"ခင်ဗျား..."
"သွေးသစ် မလုပ်နဲ့။ ရှင့်စိတ်ကိုထိန်းဦး"
ဒေဝီစံမြန်းအသံ သူ့နားနားကပ်ပြီး ပေါ်လာမှသာ သွေးသစ် သတိဝင်လာသည်။ သူ မင်းဥက္ကာသခင် လက်ထဲကဓားမြှောင်ကို လုယူဖို့ ကြိုးစားနေမိသည်ပဲ။ ဟိုကောင်က ဓားကို လွှတ်မပေးဘဲ သူ့ကိုသာ ပြုံးပြုံးကြီး မော့ကြည့်နေသည်။ ထိုအပြုံးထဲတွင် အန္တရာယ်၏ အငွေ့အသက်များ ပြည့်နှက်နေလျက်။
ဒေဝီစံမြန်းက သူ့လက်ကို ဆွဲထားသည်။ သွေးသစ် လှည့်ကြည့်လိုက်တော့ သူမသည် တကယ်ကို စိတ်ပူပန်နေပုံနှင့် သူ့ကို ကြည့်နေသည်ပဲ။ မင်းဥက္ကာသခင် သူ့ကို တစ်ခုခု လုပ်လိုက်မည်ကို သူမ အဟုတ်အမှန် စိုးရိမ်နေပုံရသည်။ ထိုမျက်နှာ ထိုအမူအရာလေးကြောင့်ပဲ သူ့စိတ်ကို လျှော့ချလိုက်ရသည်။
STAI LEGGENDO
ထိုအရာသည် အဆိပ် သို့မဟုတ်...
Narrativa generaleType - boy×girl Genre - Psycho, Thriller ကျွန်တော့်နာမည် 'သွေးသစ်'။ လုပ်တဲ့အလုပ်က သွေးစုပ်ကောင်မုဆိုး။ ကျွန်တော့်မှာ 'မေရွက်ဝါ' ဆိုတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း မိန်းကလေးတစ်ယောက် ရှိတယ်။ 'ဒေဝီစံမြန်း' ဆိုတဲ့ ချစ်ရတဲ့ အမျိုးသမီးတစ်ယောက်လည်း ရှိတယ်။...