Part -1

7.5K 247 201
                                    

# Unicode #

" သခင်လေးရေ..ကျောင်းသွားချိန်နီးနေပါပြီ ထွက်လာခဲ့ပါနော်..သခင်လေး .သခင်လေး~~"

Venus စံအိမ်ရဲ့ အချစ်တော် စံအိမ်သခင် ကြီးနဲ့ သခင်မကြီးတို့ရဲ့ တစ်ဦးတည်းသော ရင်သွေး ကင်မ်ထယ်ယောင်းက အသက် ဆယ်နှစ်နဲ့ မလိုက် ဆိုးသွမ်းကာ ဘယ်သူမှ ထိန်းချုပ်လို့မရပေ..အခုလည်း ကျောင်းသွားချိန်နီးနေပြီမို့ ခေါ်နေတာကို ထွက်ပြေးနေသဖြင့် အထိန်းတော်တွေမှာ အနောက်ကနေ လိုက်နေရ၏ ။

ကျောင်းသွားပျင်းပေမဲ့ ကင်မ်ထယ်ယောင်းဆိုတဲ့ သူက စာအတော်ဆုံးကျောင်းသားပင်။ဉာဏ်ရည်ထက်မြတ်ပြီး ထူးချွန်လွန်းတာကြောင့် အသက်ဆယ်နှစ်နဲ့တင် သူ့အဖေရဲ့ လုပ်ငန်းအချို့ကို ကူညီပေးနိုင်သည်။

အလိုလိုက်ခံရသူမို့ ဆိုးသွမ်းပေမဲ့ သွေးအေးကာ ရက်စက်တတ်ပုံက သူများနဲ့ မတူ တမူထူးခြားလှ၏။သူ့အပိုင်လို့ သတ်မှတ်ထားတဲ့ ပစ္စည်းကို တခြားသူထိကိုင်တာမကြိုက်သလို ထိလျှင်လည်း အရွယ်နဲ့ မလိုက် ရက်ရက်စက်စက်တုံ့ပြန်တတ်သည်။

သူတို့သခင်လေးရဲ့ အကျင့်နဲ့ စရိုက်ကို ပြောပြရမည်ဆိုလျှင်ဘကြက်သီး တဖြန်းဖြန်းထကုန်မှာ အမှန်ပင်..သခင်လေးထယ်က သူတို့လို လူကြီးတွေတောင် အကြည့်တစ်ချက်အောက်မှာ ဝပ်တွားအောင် စေစားနိုင်သူပင်..

~

~

~

ထယ်ယောင်း ဒီနေ့ ကျောင်းမသွားခင် သွေးပူလေ့ကျင့်ခန်းလေးလုပ်ချင်တာကြောင့် ခြံထဲပတ်ပြေးနေမိသည်။သူ့ကိုတောင် မှီအောင်မလိုက်နိုင်တဲ့ အခိုင်းစေတွေကြောင့် နှာခေါင်းရှုံ့မိ၏။

" ဟက်! အသက်ကြီးပြီး အချိန်မစီးတဲ့လူတွေ! ငါ့တောင် မှီအောင်မလိုက်နိုင်ကြဘူး! "

ထယ်ယောင်း ပြောနေတုန်း ခြံတံခါးပေါက်ဝမှာ တွေ့လိုက်ရတဲ့ အဖြူလုံးလေးကြောင့် အညိုရောင်မျက်လုံးအစူံက အရောင်လဲ့သွား၏။ထိုအရာက ကလေးလေးတစ်ယောက်ဖြစ်ပြီး အသက်သုံးဆယ်အရွယ် လူကြီးတစ်ယောက်က ချီထကာ အထုတ်တွေက လက်ထဲနဲ့ အောက်ဘက်မှာပါချထားတဲ့ မြင်ကွင်းကြောင့်ပင်...သူ့ကို ဖမ်းစားသွားတဲ့ အဖြူလုံးလေးရောင် မျက်နှာက ဝင်းလက်သွားပြီး...သူ့ရဲ့ အပိုင်ပစ္စည်းတစ်ခုကို တွေ့လိုက်သလိုပင်! .

My Universe ( Complete )Where stories live. Discover now