Part -2

2.8K 167 75
                                    

# Unicode #

တုန်ယင်နေတဲ့ ကိုယ်လုံးလေးနဲ့ မျက်လုံးအတင်းဖိမှိတ်ထားတဲ့ ကုကီးလေး..တဖြေးဖြေးနဲ့ တအင့်အင့် ရှိုက်သံလေးက ထွက်ပေါ်လာသည်။

" အင့်! အင့်! အင့်! အင့်! "

ထယ်ယောင်း ရှိုက်သံသေးသေးလေးကြောင့် နမ်းနေရာကနေ ခွာကာ ကြည့်လိုက်တော့ မျက်လုံးလေးမှိတ်ပြီး ငိုနေတဲ့ ကလေးစုတ်!

" ကျစ်! ဘာကြောင့်ငိုတာလဲ! အားအားနေ ငိုဖို့ဘဲ တတ်တယ်! တောက်စ်!! "

ထယ်ယောင်းက ဟောက်လိုက် ငိုနေရာကနေ မျက်လုံးလေးပွင့်လာတဲ့ ကုကီးလေး!

" ဟင့်! လူဂျိုးလေးက တုတီး ညုပ်ကမ်းကို တိုက်ရာတို..နာတွားပြီ..အီးးး "

သူ့ရဲ့ နှုတ်ခမ်းပိစိလေးကို ဖွဖွလေးထိပြီး ပြန်ပြောလာတဲ့ ကုကီးက ကြောက်ပေမဲ့ ရင်ထဲရှိတာကို အမှန်တိုင်း ပြောတတ်တဲ့ ကလေးပင်!

" အီးးး ဖေဖေရေ! တုတီးကို လာခေါ်ပါ..တုတီး ကို လူဂျိုးလေး အတင်းဖမ်းပြီး ..ညုပ်ကမ်းကို တိုက်ဆွဲရယ်..အီးးးး အီးးး "

မျက်ရည်ပေါက်ကြီးတွေ ကျအောင် ငိုပြီး အော်ဟစ်နေတဲ့ ကုကီးကို ထယ်ယောင်းက မျက်မှောင်ကြီး ကုပ်ကာ စိုက်ကြည့်နေ၏။

" တိတ်! အခုတိတ်! "

" အီးးး အီးးး တုတီးကို အော်နဲ့!! အီးးး "

ထယ်ယောင်းအော်လိုက်လို့ လန့်သွားပေမဲ့ ငိုပြီး ပြန်ပြောလာတဲ့ ကုကီး..

" ကျစ်! ငါ့ကို ပြန်ခံမပြောနဲ့ စောက် ပါးစပ်ပိတ်ထား နားငြီးတယ် ဒုန်း!! "

" ခွမ်း! "

ထယ်ယောင်းက အလှပန်းအိုး ကို ရိုက်ခွဲလိုက်တာကြောင့် ကုကီး အသံတိခနဲ တိတ်သွားသည်။

ဒါပေမဲ့ ထယ်ယောင်းကို ကြည့်ပြီး မျက်ရည်တွေ တလိမ့်လိမ့်ကျနေ၏။

" ဒေါက်! ဒေါက်! ဒေါက်! "

" သား! သားထယ်! ယောင်းလေး! "

" တံခါးဖွင့်ပါအုံး..ကလေးကို ပြန်ပေးရမယ်လေ! သားနဲ့ ဆော့ချင်ရင် နောက်နေ့ ခေါ်ဆော့လို့ရတာဘဲ သားရယ်.."

My Universe ( Complete )Where stories live. Discover now