# Unicode #မနက်ခင်း နိုးထလာတော့ မူးနှောက်နေတဲ့ ခေါင်းကြောင့် လူက ညီးစီစီ ဖြစ်နေ၏။ ခါးတစ်ဝိုက်တွင်း တင်းကျပ်မှုကို ခံစား နေရတာကြောင့် လူဆိုးလေး မနှိူးသေးမှန်းသိလိုက်သည်။
မနေ့က လူဆိုးလေးကို မွေးနေ့ပွဲ လုပ်ပေးရင်း ဝိုင်တွေ သောက်ကာ.. မရှူနိုင် မကယ်နိုင် မူးသွားပုံရ၏။ခေါင်းကိုက်နေတဲ့ ခေါင်း ကြောင့်.. နားထင်ကို လက်ဖြင့် ဖိကာ.. မနေ့ညက အဖြစ်အပျက်တွေကို ပြန်ပြီး စဉ်းစားနေလိုက်မိသည်။
ရေးတေးတေးကနေ.. တဖြေးဖြေး ပေါ်လာတဲ့ ပုံရိပ်ယောင်တွေနဲ့ စကားတွေကြောင့် ကုကီး လန့်သွားရ၏။
" ဟင်! ငါ.. ငါ ဘာတွေ လုပ်မိခဲ့တာလည်း!! "
အဖြစ်ပျက်တွေကို ပြန်မြင်ယောင်လာပြီး.. ကုကီးတစ်ယောက် မျက်နှာကြီးတွေ နီရဲလာသည်။တဆက်တည်း.. လူဆိုးလေးကိုပါ မျက်နှာမပြရဲသလိုဖြစ်လာ၏။
" အားး လူဆိုးလေးကို ဘယ်လို ရင်ဆိုင်ရမှာလဲ!! ကျစ်! "
မျက်ဆံ နက်လေးတွေ ထောင့်ကပ်ပြီး စဉ်းစားနေတဲ့ ကုကီးက တစ်စုံ တစ်ဦး စိုက်ကြည့်နေတာကို သိပုံမရ။
" ဟူးး ဟုတ်ပြီ!! လူဆိုးလေး မနှိုးခင်.. ထသွားပြီး ရှောင်နေရမယ်..! "
မနေ့ညက အဖြစ်အပျက်တွေကြောင့် လူက ရှက်စိတ်ဝင်လာသဖြင့်.. ရှောင်နေဖို့ အကြံနဲ့ ခါးက ပြုတ်တူ ထက်ဆိုးတဲ့ လက်တွေကို မနည်း ဆွဲဖယ်နေရသည်။
" ကျစ်! ဖြုတ်ရခက်လိုက်တာ.. လက်လာ.. ပြုတ်တူ လား မသည်းး ~... ဟင်!! လူဆိုးလေး~ ! "
တစ်ယောက်တည်း တီးတိုး ရေရွတ်နေရင်း လူဆိုးလေးရဲ့ မျက်နှာကို မော့ကြည့်မိတော့.. မျက်မှောင်ကြီး ကုပ်ကာ စိုက်ကြည့်ခံနေရတာမို့.. ကုကီး လန့်သွား၏။
" ဟို.. နှိုး.. အဟမ်း..! နှိုးနေတာကြာပြီလား.. "
လန့်သွားပေမဲ့ ဟန်မပျက်ဘဲ စကားစလိုက်၏။စိတ်ထဲကလည်း လူဆိုးလေး မနေ့ညက အကြောင်းတွေ မမှတ်မိဖို့ ဆုတောင်းနေမိသည်။
" မင်း မနှိုးခင်တည်းက နှိုးနေဝာာ.. !! "
တည်တင်းတင်း မျက်နှာနဲ့ ပြောလာတဲ့လူဆိုးလေးကို ကြည့်ပြီး ကုကီး တစ်ယောက် အပေါ့သွားချင်သလို အလေး သွားချင်သလို စိတ်တွေ ဝင်လာ၏။
YOU ARE READING
My Universe ( Complete )
Fanfictionမင်းက ငါ့အပိုင်ဘဲ ဂျွန်ဂျောင်ဂု..ငါက ကိုယ်လိုချင်တာကို မရရင်ရင် ဖျက်ဆီးတတ်သလို ငါပိုင်တာထိရင်လည်း သေခြင်းထက်ဆိုးတဲ့ ငရဲကို ပေးတတ်တယ် ကင်မ်ထယ်ယောင်း ငါ အရမ်းချစ်ခဲ့ဖူးတဲ့ သူက နောင်တစ်ချိန် ငါအရမ်းမုန်းတဲ့သူ ဖြစ်မယ်လို့မထင်ခဲ့ဘူး.. ဂျွန်ဂျောင်ဂု မင္းက...