Extra -1

1.4K 73 54
                                    

# Unicode #

" ပါးပါး.. အခုက ဘယ်တွားမလို့လဲဟင်.."

" ဟုတ်ရယ်.. တား တို့က ဘယ်ကို တွားကြမှာလဲ.. ပါးပါး.."

အဝတ်စား အသုံးအဆောင်တွေကို luggage ထဲ သေချာ ထည့်နေတဲ့ ကုကီးရဲ့ဘေးနားတွင် ထိုင်ပြီး ကူညီသယောင်နဲ့ အမေးအမြန်းထူနေတဲ့ ပေါက်စလေးတွေ..

" ပါးပါးတို့က မြန်မာ နိုင်ငံကို သွားမှာ.. အဲ့က ပွဲတော် တစ်ခုက အခုလ မှာ ကျင်းပမှာလေ.. ပါးပါးရဲ့ အသိက ဖိတ်ထားတာမို့ ပါးပါးလည်း စိတ်ဝင်စားတာနဲ့ သွာစဖို့လုပ်လိုက်တာ.."

ကုကီးက အဆုံးသတ်အနေနဲ့ လူဆိုးလေးရဲ့ အဝတ်စားတွေကို သေချာ ထည့်လိုက်ပြီး zip ကို ပိတ်ကာ ပြောလိုက်တော့ ကလေးတွေက အသေးစိတ်က အစ လိုက်ကြည့်နေပုံက အသည်းယားစရာ...

" ပါးပါး.. ဦးဦးမက် နဲ့ ဦးဦး ပုလုံးရေး ပါ ပါမှာရား..."

" ပါတယ် သားငယ်.. သူတို့ပါ လိုက်မှာ..."

luggage တွေကို အအသေးအကြီး ညီစွာ စီနေတဲ့ ကုကီး နားကို တိုးပြီး မေးလာတဲ့ အငယ်လေး..

" ရေးးး တားတား တို့ အတုန်လုံး ခရီး အတူတူ ထွက်ကြမှာပေါ့ညော် "

အကြီးလေးကပါ ထခုန်ပြီး လက်ခုပ်လက်ဝါးတီးတာ ပြောလာတာမို့ ကုကီး ပြုံးပြီးသာ သားတွေကို ကြည့်နေလိုက်တော့သည်။

" ဝူးးး ဝူးးး တီ ! တီ ! "

" အယ်! ဒယ်ဂျိုးရေး ပြန်လာပြီ.."

" လူဂျိုးရေး ပြန်လာပြီ.. "

" အဟမ်း!! "

ဝမ်းသာလွန်ပြီ သူတို့ ဒယ်ဒီကို သုံးလိုက်တဲ့ နာမ်စားတွေကြောင့် ကုကီးက ချောင်းဟန့်လိုက်သဖြင့်..တိခနဲ ရပ်ကာ သွားလေးတွေ ပေါ်သဘ်အထိ ပြုံးပြလာတဲ့ အမွှာ ညီနောင်..

" အယ်! ဘွာတေး ပါးပါး တားတို့ မှားထွက်မိရာ.. "

လက်ဖောင်းဖောင်းလေးနှစ်ဖက်ဖြင့် နီနီရဲရဲ ပါးစပ်လေးကို ပိတ်ကာ ပြောလာတဲ့ အမွှာညီနောင်က ကုကီးဆီက အမွေရထားသည့် မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် အသည်း ယားစဖွယ်။

My Universe ( Complete )Where stories live. Discover now