Part -29

1.4K 87 5
                                    

# Unicode #

ဧည့်ခန်းထဲဝယ် မှိုင်တွေတွေ ဖြစ်နေတဲ့ ကုကီးနား မိခင်နဲ့ဖုန်းပြောပြီး ရောက်လာတဲ့ ဂျီမင်။

" ကုကီး.. သခင်လေး ကင်မ်က မင်းကို အသည်းအသန် ရှာ‌နေတယ်လို့ ငါ့ကို မာမီ ဖုန်းဆက်တယ်.. မင်းလုံးဝ သွားမတွေ့ဘူးလား.. "

" ............ "

ဘာမှ မပြောဘဲ အတွေးလွန်နေတဲ့ ကုကီး ကိုကြည့်ပြီး ဂျီမင် သက်ပြင်းချမိ၏။သူ့အဖေ ဈာပနပွဲ ပြီးတည်းက ဂျီမင်ရဲ့ တိုက်ခန်းဆီရောက်လာပြီး.. ကိုရီးယားမှာ မနေဘဲ ဂျီမင်နဲ့အတူ ဂျပန်ကို လိုက်ခဲ့တာ အခု တစ်လတောင်ကျော်နေပြီ။

ဒါပေမဲ့ကုကီး သူနဲ့အတူ ရှိနေတာ ဘယ်သူမှ မပြောနဲ့ ဂျီမင်ရဲ့ မိဘတွေတောင် မသိပေ။ မသိဆို ကုကီးက လုံးဝကို အပြောမခံ.. မာမီတို့တောင် ကုကီး နဲ့သူ အဆက်သွယ်ရလား အမြဲဖုန်းဆက်မေးပေမဲ့ သူလိမ်ညာထားခဲ့ရသည်။

မဟုတ်လျှင် သူ့ဆီကပါ ထွက်သွားပြီး တစ်ခြားတစ်နေရာ သွားမည်ဟု ပြောလာတဲ့ ကုကီး ကြောင့်  ဂျီမင် နှုတ်ဆိတ်နေရခြင်းပင်။

" ငါ့အထင် မင်းတို့ လူချင်းတွေ့ပြီး အေးဆေး ဆွေးနွေးသင့်တယ်ထင်တယ်! "

" ........... "

" ဟူးး "

ဘာပြောပြော နှုတ်ဆိတ်ပြီး အတွေးလွန်နေတဲ့ ကုကီးက သူ့စကားကို ကြားဟန်မတူတာကြောင့် သက်ပြင်းချမိ၏။

ဂျပန်နိုင်ငံရဲ့ အေးစိမ့်စိမ့်ရာသီဥတုလို သူတို့နှစ်ယောက်ကြားအေးစက်နေသည်။ဂျပန်ရောက်စတည်းက မျက်နှာက ညိုးနွမ်းနေကာ အတွေးလွန်တတ်ပြီး မှိုင်တွေနေတဲ့ ကုကီးက အရင်လို အပြုံးတောက်တောက်လေးတွေတောင်မရှိတော့ပေ။

" ဂျောင်ဂု ငါပြောတာ ကြားလားကွာ! "

" ငါ့မှာ ကိုယ်ဝန်.. ရှိ.. နေ.. ပြီ.. မစ္စတာပတ်စ်.. !! "

အဆက်စပ် မရှိ ဖြေလာတဲ့ ကုကီးရဲ့ စကားကြောင့် ဂျီမင် အံ့ဩကာ ငြိမ်သက်သွား၏။

ကုကီးက သူ့ အင်္ကျီ အိတ်ကပ်ထဲက ဆီးစစ်တံကို ဂျီမင်ရှေ့ စားပွဲပေါ်တင်ပြီး ပြလိုက်သည်။

My Universe ( Complete )Where stories live. Discover now