Part -33 ( Final )

2.8K 116 27
                                    

# Unicode #

" အူဝဲ.. အူဝဲ.. ဝဲ.. ဝဲ.. "

အငယ်က အော်ငိုတော့ အကြီးလေးကပါ လိုက်ပြီး အော်ငိုလာသည်။

" လူဆိုးလေး.. သားတို့ ငိုနေပြီး လုပ်ပါအုံး.. "

ကုကီးက ထယ်ယောင်းရဲ့ လက်မောင်းကို လှုပ်ခါပြောမှ ထယ်ယောင်းလည်းငိုနေတဲ့သားတွေဆီ ခြေလှမ်းကြဲကြီးတွေနဲ့သွားလိုက်၏။

ပုခက်ထဲဝယ် မျက်လုံးလေးတွေမှိတ်ပြီး နီနီရဲရဲ အာခံတွင်းလေးပေါ်အော် ငိုနေကြတဲ့သားနှစ်ယောက်ကို ကြည့်ပြီး ထယ်ယောင်း အူယားမိသည်။

ဒီကောင်တွေက ငိုနေတာတောင် သူ့ဖေဖေ လိုဘဲ စောက်သည်းတွေ ယားဖို့ကောင်းတာ.. ကင်မ်ဂျောင်ဂုနဲ့အပြိုင် ထယ်ယောင်းရဲ့ နှလုံးသားကို ခြွေမဲ့ လူနှစ်ဦးလေးပေါ့..

" ကျွတ်စ်*.. ဒယ်ဒီ့ သားပေါက်လေးတွေက ငိုနေကြတာလား.. ကြည့်ပါအုံး.. မျက်ရည်လေးတွေတောင်စို့လို့.. မအော်နဲ့လေကွာ.. အသံတွေနာမှာပေါ့ ခွေးပေါက်လေးတွေရ.."

ထယ်ယောင်းရဲ့ အသံကြားတော့ တိခနဲ ငိုသံရပ်ပြီး မပွင့်တပွင့်မျက်လုံးလေးတွေနဲ့ စူးစမ်းကြည့်နေပုံက ချစ်စရာအတိ။

" လူဆိုးလေးနော်... ကုကီးသားတွေကို ခွေးပေါက်တွေလို့ မပြောနဲ့ မကြိုက်ဘူး.. "

ကုကီးက ကုတင်ပေါ်ကနေ မျက်စောင်းလေးတရွယ်ရွယ်နဲ့ပြောလာတော့ ထယ်ယောင်း ခေါင်းခါကာ ရယ်လိုက်မိ၏။ဒီသားအဖတွေရဲ့ ချစ်စရာကောင်းပုံတွေနဲ့ ကင်မ်ထယ်‌ယောင်းရဲ့ နေ့ရက်တွေကတော့ ဟုတ်နေပါပြီ..

" ရယ်မနေနဲ့ဗျာ .. သားတွေကို ကုကီးဆီခေါ်လာခဲ့ နို့တိုက်ရအောင်.. "

ထယ်ယောင်းလည်း ပါးစပ်လေးတပြင်ပြင်နဲ့ နှုတ်ခမ်းပိသိလေးတွေ စုချွန်နေတဲ့ ပေါက်စ နှစ်ယောက်ကို အသည်းယားစွာ ဖွဖွလေးငုံ့မွှေးလိုက်မိသည်။ မွေးခါစမို့ နူးညံ့နေတဲ့ သားပေါက်တွေ သူ့ကြောင့်ထိခိုက်သွားမှာ မလိုချင်ပေ။

သားကြီးလေးကို ဂရုတစိုက် ပွေ့ချီပြီး ကုကီး လက်ထဲ ထည့်ပေးလိုက်တော့ ကလေးတို့ ဖေဖေက သားကို မျက်တောင်မခတ်တမ်းကြည့်ကာ ကြည်နူး မျက်ရည်လေးတွေ ခိုဝဲနေလေသည်။

My Universe ( Complete )Where stories live. Discover now