Part -27

1.5K 88 10
                                    

# Unicode#

"  မစ္စတာ ပတ်ခ်ရယ်.. ဟိုကောင်မလေးတွေတော်ပါတော့က ဖြင့်ထွက်သွားနေပြီ.. လာ.. ကန်တင်းသွားမှာဆို! "

‌ကုကီးက ဆွေ့ဆွေ့ခုန်အောင် ဒေါသထွက်နေတဲ့ ဂျီမင် ရဲ့ လက်မောင်းကို ဆွဲပြီး ခေါ်လာတော့ ဆူပုတ်ပုတ်ဖြင့် ပါလာတဲ့ ဂျီမင်။

" ရားး ငါ လုံဝ မကျေနပ်ဘူး သိလား.. ကုကီး.. ငါရုပ် ငါ့ရည်နဲ့ အရပ်အမောင်းက.. uke ဖြစ်စရာလားကွ!! ပြီးတော့ ငါက ကောင်မလေးဘဲ ထားမှာ.. ယောင်္ကျားလေးချင်း စိတ်မဝင်စားဘူးကွ!! "

ကန်တင်းရောက်တာတောင် အခုထိ ဒေါသထွက်ပြီး စကားများနေတဲ့ ဂျီမင်။

" ဟျောင့်! မင်း! သေချာကြည့်စမ်း.. ငါ့ရုပ်ကို !! "

ကုကီးရဲ့ မျက်နှာနား ဂျီမင်က အနားကပ်လာပြီး မျက်လုံးမှေးမှေးလေးများကို ပြူးပြီး သူ့မျက်နှာ သူ လက်ညိုးထိုးကာ ကြည့်ခိုင်းနေတာမို့ ကုကီးလည်း ပြန်ပြီး ပြူးကြည့်ကာ နေလိုက်၏။

" သေချာကြည့် ! ဟျောင့်! ဘယ်နေရာက တူတာလဲ!! "

" အွန်းးး မျက်နှာလေးနဲ့ body ကလွှဲရင် ကျန်တာက Uke .. နဲ့ အွန်းး မတူပါဘူး.."

" အဲ့တာ ပြောတာလေ! မျက်နှာနဲ့ body က.. လွှဲ.. လွှဲ.. ! အဲ~.. ဂျွန်ဂျောင်ဂု!! မင်းနော်!! ဘာစကားပြောတာလဲကွ! "

ဂျောင်ဂု စကားကို သံယောင်လိုက်ပြီး ပြောနေရင်းက သတိထားမိသွားတော့ မျက်လုံးမှေးမှေးလေးများမှိတ်အောင် အော်လာတဲ့ ဂျီမင်။

" ဟားးး ဟားးး စတာပါ.. ဂျီမင်ရာ.. ဒါနဲ့ ငါက ဂျွန်ဂျောင်ဂု မဟုတ်တော့ဘူးကွ.. ကင်မ်ဂျောင်ဂု ဖြစ်နေပြီ.. ဟီးး "

ယုန်သွားလေးများပေါ်အောင် ဟီးခနဲ ရယ်ပြလာတာမို့.. ဂျီမင်ခမျာ အူကြောင်ကြောင် ဖြစ်သွားရ၏။

" ဘာကို ပြောတာလဲ!! "

" ငါနဲ့.. လူဆိုးလေး.. တို့ လပ်ထပ်ပြီးသွားပြီ ဂျီမင်..တစ်ကျော် နှစ်လနီးပါးရှိပြီ  "

" ဪ.. ကောင်းတာ~... ဘာ!! "

ရောယောင်ဝါးပြောနေရင်း သတိထားမိပြီး.. အော်ချလိုက်တာ စူးခနဲရယ်..

My Universe ( Complete )Where stories live. Discover now