Part -25

1.7K 126 10
                                    


# Unicode #

ထယ်ယောင်း ဒေါသထွက်ထွက်နဲ့ မိမိအခန်းကိုသာပြန်လာပြီး တံခါးကို အသံမြည်အောင်ပိတ်လိုက်၏။

" ဒုန်း!! "

" တောက်စ်! - ီး လိူတွေဘဲ!! အာရုံတွေလာစားနေတာ!! ကင်မ်ထယ်ယောင်းက မရိပ်မိဘူးဆိုတော့.. လုပ်ပေါ့!! သေသေချာချာ သိတဲ့ နေ့က အကုန်လုံး သေနေ့စေ့ပြီဘဲ! fu*k !! "

အညိုရင့်ရင့် ဆေးဆိုးထားတဲ့ ဂုတ်ထောက် ဆံနွယ်တွေကြား လက်လျှိုသွင်းပြီး ကြိတ်မနိုင်ခဲမရ ပြောလာတဲ့ ထယ်ယောင်း။

" ဘုန်း! "

အပေါ်ထပ် ကုတ်အင်္ကျီကို ချွတ်ပြီး ကုတင်ပေါ် အားပြင်းပြင်းနဲ့ ပစ်ချလိုက်တာမို့ ထွက်လာတဲ့ အသံက တိတ်ဆိတ်နေတဲ့ အခန်းထဲ လန့်စရာပင်။

သွေးကြောယှက်ဖျာနေတဲ့ လက်အစုံက လည်ပင်းနားက ရှပ်အင်္ကျီ ကြယ်သီး သုံးလုံးကို ခပ်ကြမ်းကြမ်း ဆွဲဖြုတ်လိုက်၏။

တွန့်ချိုးနေတဲ့ မျက်ခုံးတန်းတွေက တစ်ခုခုကို စဉ်းစားနေဟန်။တစ်စက္ကန့်အတွင်း မျက်နှာထားတည်တင်းပြီး ခံစားမှု မရှိတဲ့ မျက်နှာသေသို့ ပြောင်းလဲသွားပြီး ဘောင်းဘီအိတ်ထဲက ဖုန်းကို ယူကာ.. ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။ စက္ကန်မခြားဘဲ ဖုန်းဝင်သည်နှင့် တစ်ဖက်က ကိုင်လာ၏။

" မတ်စ်! ငါ့တို့ New York ရောက်နေတဲ့ အချိန် ကိုရီးယားမှာ ဖြစ်ခဲ့သမျှ အကုန်စုံစမ်းပေး!! တစ်ခုမှ မကျန်စေနဲ့ ! "

တစ်ဖက်က ‌ ပြန်ဖြေသံကို စောင့်မနေဘဲ အမိန့်ပေးပြီးတာနဲ့ ဖုန်းကို ချပစ်လိုက်ကာ... ကုတင်ပေါ် ပစ်တင်ပြီးမှ.. အံဆွဲထဲက စီးကရက်နဲ့ ‌မီးခြစ်ကိုယူလိုက်ကာ လေသာဆောင်ဘက် ထွက်ပြီး ဆေးလိပ်သောက်နေလိုက်၏။

မီးခိုးငွေ့ တလူလူကြား မြင်နေရတဲ့ ထယ်ယောင်းရဲ့ မျက်နှာက အေးစက်ကာ တည်ငြိမ်နေသည်။ ထယ်ယောင်း စီးကရက် သောက်ချိန်က ကိစ္စတစ်ခု.. တစ်နည်းပြောရရင် ရက်စက်သည့် အလုပ်တစ်ခုကို လုပ်ဖိူ့ စနစ်တကျ အချိန်ယူ စဉ်းစားတော့မည့်အချိန်တွင်သာ ‌စီးကရက်သောက်တတ်၏။

ကင်မ်ထယ်ယောင်း စီးကရက် ရှိုက်ဖွာတာကို တွေ့တဲ့ ခြံထဲမှာ ကင်းလှည့်နေကြတဲ့ ဂိုဏ်းသားတွေကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ထိတ်လန့်နေကြပြီ။

My Universe ( Complete )Where stories live. Discover now