# Unicode #
" လူဆိုးလေး.. မနက်စာ ဘာပြင်ပေးရမလဲဟင်.."
ကုကီးက လူဆိုးလေးအတွက်မနက်စာလုပ်ပေးဖို့ မေးနေပေမဲ့ လူဆိုးလေးကတော့ သူ့ကိုသာ စူးစိုက်ကြည့်နေတာကြောင့်မနေတတ်တော့ပေ။
ချစ်စရာအသံချိုချိုလေးနဲ့ မေးလာလို့ ကျေနပ်မိပေမဲ့..မြင်လိုက်ရတဲ့ သက်လည်ပုံစံကြောင့် နှာခေါင်း သွေးလျှံမတတ်ဖြစ်သွား၏။
ရေချိုးပြီးစ အသားရည်လေးက ဝင်းမွတ်နေပြီး..ရေစိုစ ပြုနေတဲ့ ဆံသားလေးတွေက နဖူးပေါ် အချောင်းလိုက် မခို့တရို့ ကျနေပေမဲ့ ဝင်းဖန့်ဖန့် ရုပ်အသွင်လေးက ပျောက်မသွားပေ...
တီရှပ် ပန်းရောင်လေးနဲ့ ပေါင်လယ်လောက် ဘောင်းဘီ အတို အဖြူလေးကြောင့် သက်လည်ရဲ့ ပုံစံလေးက အရမ်း လှသွေးကြွယ်နေ၏။
ဖြူဖွေးပြီး သွယ်လျတဲ့ပေါင်တံလေးတွေက အမှတ်သားပေးချင်စရာကောင်းလှပြီး..ဆေးကျောင်းသားတက်နေတဲ့ ဆရာဝန်လောင်းဆိုတာ ပြောပြရင် ယုံမဲ့သူ မရှိ..အလယ်တန်းကျောင်းသားသွင်လေးနဲ့ ချစ်စရာကောင်းမှာတွေက ပိုတိုးလို့နေသည် ။
တဆက်တည်း သူမရှိခင်က အမြဲ ဒီလိုဝတ်နေကျဆိုရင် သု့အပိုင်လေးရဲ့ ပေါင်သားဖြူဖြူလေးတွေ အလှကို တခြားသူတွေက သရေတမြားမြားနဲ့ကြည့်နေမှာ အမှန်ပင်..
ကင်မ်ထယ်ယောင်းအပိုင်ရဲ့ တကိုယ်လုံးကို ကင်မ်ထယ်ယောင်းသာ စေ့စေ့ကြည့်မယ် တခြားသူလာကြည့်မယ်ဆိုရင် အဲ့နေရာမှာတင်ပဲ အလောင်းကောင်ဖြစ်အောင် ကင်မ်ထယ်ယောင်းတို့က လုပ်ပေးမိမှာ အမှန်။
ဂျွန်ဂျောင်ဂုတို့က ကင်မ်ထယ်ယောင်းကို သွေးတက်သေအောင်လုပ်နေတာ။
" တောက်စ်! မင်းမှာ ဝတ်စရာ အဝတ်မရှိတော့ဘူးလား.." မနက်စောစောစီးစီး အတိုအပြတ်ဝတ်ပြီး ဘယ်သူ့ကို မြူစွယ်မလို့လဲ!! "
" လူဆိုးလေးကလည်း ခါတိုင်းလည်း ဝတ်နေကျကို ..ပြီးတော့ အိမ်မှာ သူစိမ်းမှ မရှိတာ.."
ကုကီးက နှုတ်ခမ်းလေးဆူပြီး ပြန်ပြောတော့ မျက်ထောင့်နီကြီးနဲ့ကြည့်လာတဲ့ ထယ်ယောင်း..
YOU ARE READING
My Universe ( Complete )
Fanfictionမင်းက ငါ့အပိုင်ဘဲ ဂျွန်ဂျောင်ဂု..ငါက ကိုယ်လိုချင်တာကို မရရင်ရင် ဖျက်ဆီးတတ်သလို ငါပိုင်တာထိရင်လည်း သေခြင်းထက်ဆိုးတဲ့ ငရဲကို ပေးတတ်တယ် ကင်မ်ထယ်ယောင်း ငါ အရမ်းချစ်ခဲ့ဖူးတဲ့ သူက နောင်တစ်ချိန် ငါအရမ်းမုန်းတဲ့သူ ဖြစ်မယ်လို့မထင်ခဲ့ဘူး.. ဂျွန်ဂျောင်ဂု မင္းက...