# Unicode #
ကိုရီးယားကိုပြန်ရောက်တော့.. သူတို့နှစ်ယောက်ရဲ့ ကိစ္စကို ဖေဖေ့ကို အသိပေးဖို့အတွက် ကုကီး စိတ်လှုပ်ရှားနေမိသည်။
" လူဆိုးလေး.. ဖေဖေ့ကို ဘယ်လို ပြောပြကြမလဲဟင်.. ဖေဖေ လက်ခံပါ့မလား.. သဘောမတူရင် ဘယ်လို လုပ်မလဲဟင်.. "
" သဘောမတူလည်း ဘာမှ လုပ်လို့မရဘူး.. ခင်ဗျား သဘောမတူလည်း ခင်ဗျားသားက လူပျို ပြန်မဖြစ်နိုင်တော့ဘူးလို့ ပြောမှာပေါ့! သက်လည်ရဲ့ "
ကုကီးရဲ့ မျက်နှာလေးကိူ မမှိုတ်မသုန် စိုက်ကြည့်ရင်း ပြောလာတဲ့ လူဆိုးလေးကြောင့် ကုကီး ရှက်မိသွား၏။
အခုလိုကြီး ဖေဖေ့ကို တကယ်သွားပြောလို့ကတော့ နေရာမှာတင် ဖေဖေ သွေးတက်သွားလောက်မည်။
" အာ.. လူဆိုးလေးကလည်း! "
" အဟွန်းး ကိုယ်က အမှန်တိုင်း ပြောတာလေ.. ဘာလဲ.. မဟုတ်ဘူးလား.. အခုချိန်မှာ မင်းက ကျုပ်ယောကျာ်း ဖြစ်နေပြီလေ.."
" ဒါပေမဲ့ ဖေဖေ့ကို အဲ့လိုကြီး မပြောဘဲ ယဉ်ယဉ်ကျေးကျေးလေး ပြောမှပေါ့ဗျာ.."
" ယောက္ခမ ရိုသေ အသက်ရှည် ယောက္ခမ ရှိခိုး သွားမကျိုးတဲ့ စကားကို ကျင့်သုံးတဲ့ အကောင်တွေထဲ ကင်မ်ထယ်ယောင်းက မပါဘူး သက်လည်! "
ထယ်ယောင်းစကား ကြောင့် မျက်စောင်းထိုးပြီး ကြည့်လာတဲ့ ကုကီး....
" ကိုယ်က ဂျွန်ဂျောင်ဂုကိုဘဲ ဦးခိုက်ပြီး ဂျွန်ဂျောင်ဂုကိုဘဲ အသုံးတော်ခံမှာ.. ပြွတ်စ်* "
စကားအဆုံးမှာ ငုံ့ကျသွားတဲ့ ကုကီးရဲ့ မျက်နှာလေးကို မော့စေကာ နီရဲရဲ နှုတ်ခမ်းလွှာကို နမ်းလိုက်တဲ့ ထယ်ယောင်း။
ကုကီးလည်း ထယ်ယောင်းကို ပြိုင်မပြောတော့ဘဲ Venus စံအိမ်ကို ပြန်သည့်ကား ပေါ်မှာ ငြိမ်ငြိမ်လေး လိုက်ပါလာခဲ့သည်။ဖေဖေက လူဆိုးလေးနဲ့ သူ့ကိစ္စကို သိရင် သဘောတူလောက်မည်ဟု တွေးထားမိတာမို့ စိတ်လှုပ်ရှားမှုမှ အပ.. စိုးရိမ်စိတ် မရှိပေ။
~
~
~
အနက်ရောင် Bugatti ကားက စံအိမ်ထဲကို ဝင်လာသဖြင့် အကုန်လုံး ဦးညွတ်ပေးကြ၏။
YOU ARE READING
My Universe ( Complete )
Fanfictionမင်းက ငါ့အပိုင်ဘဲ ဂျွန်ဂျောင်ဂု..ငါက ကိုယ်လိုချင်တာကို မရရင်ရင် ဖျက်ဆီးတတ်သလို ငါပိုင်တာထိရင်လည်း သေခြင်းထက်ဆိုးတဲ့ ငရဲကို ပေးတတ်တယ် ကင်မ်ထယ်ယောင်း ငါ အရမ်းချစ်ခဲ့ဖူးတဲ့ သူက နောင်တစ်ချိန် ငါအရမ်းမုန်းတဲ့သူ ဖြစ်မယ်လို့မထင်ခဲ့ဘူး.. ဂျွန်ဂျောင်ဂု မင္းက...