Part -19

2.3K 135 64
                                    

# Unicode #

" လူဂျိုးလေး.. မူးနေပြီရား... မူးရင်ရဲးး ငြိမ်ငြိမ်နေ! ယိမ်းရိုး နေရာဘဲ! အေ့!! "
  ကုကီးရဲ့ မြင်လွှာ အာရုံထဲ လူဆိုးလေးရဲ့ ပုံရိပ်တွေက ယိမ်းယိုင်နေတာမို့ ပြောလိုက်သည်။

ဝိုင်တန်ခိုးကြောင့် နီဆွေးနေတဲ့ နှုတ်ခမ်းပါးလေးတွေနဲ့ ပန်းသွေးရောင်ပါးမို့မို့လေးတွေနဲ့ မှေးတေးတေး ဖြစ်နေတဲ့ မျက်လုံးလေးတွေက ကုကီး မူးနေပြီ ဖြစ်ကြောင်း သက်သေပြနေ၏။

" အဟွန်း! ကိုယ်မူးနေတာလား... သက်လည်မူးနေတာလား.. "

" လူဂျိုးလေး မူးနေရာရေ.. လူဂျိုးလေး မူးနေရာ.. တုတီး မမူးဝူး..တောက်နိုင်‌တေးရယ်.. "

စကားတောင်မပီတော့တဲ့ အနေအထားနဲ့ သောက်နိုင်သေးကြောင်း ပြောနေတဲ့ ကုကီး ကြောင့် ထယ်ယောင်း ရယ်လိုက်မိသည်။

" ဂျွန်ဂျောင်ဂုတို့က အခုမှ သုံးနှစ်သားလေး ပြန်ဖြစ်နေတာ.. ငယ်ငယ်ကအတိုင်းဘဲ စကားမပီတာက! အဟွန်းး "

လက်သီးစုပ်ကို ပါးစပ်နားကပ်ပြီး... ခိုးရယ်ကာ ပြောလာတဲ့ ထယ်ယောင်းက သေချာပေါက် သူ့ရဲ့ အပိုင်လေးကို အသည်းယားနေတာအမှန်ပင်..

" ဟွန့်.. တုတီးက ကြီးနေဖီ.. မတိဘဲ ရာ ပေါနေရာ.. လူဂျိုး! "

" ဟာ! ဟေ့ တော်ပြီ!! "

ပြောနေရင်း ဝိုင်ခွက်ကို ကိုင်ကာ သောက်ဖို့ပြင်နေတဲ့ ကုကီးရဲ့လက်ကို ထယ်ယောင်းက အမြန်ပင်.. ဆွဲယူကာ တားလိုက်တော့.. လူကို မကြည်ကြည့်နဲ့ ကြည့်လာတဲ့ ကုကီး..

" မတော်တေးဘူး.. တောက်ဝူးမှာ.. လူဂျိုးလေး မွေးနေ့ကို ဂုဏ်ပု တဲ့ အနေနဲ့ တောက်အုံးမှာ.. ပြန်ပေး.."

ဇွတ်ကိုသာ လုယူဖို့ ကြံနေတဲ့ ကုကီး..

" ဂျွန်ဂျောင်ဂု! တော်ပြီ.. မူး‌နေတာ လူရုပ်တောင် မပေါ်တော့ဘူး.. ‌အဲ့တာတောင် ဆောက်အရည်ကို သောက်ချင်နေသေးတယ်!! "

ထယ်ယောင်းက ဆူတော့ မကျေမနပ်နဲ့ ငြိမ်သွားတဲ့ကုကီးက မူးနေပေမဲ့ ထယ်ယောင်းကို ကြောက်တဲ့ စိတ်လေးရှိသေးတာပင်။

" ထ! အိပ်မယ်! "

" နိုးး အိပ်.. ဝူးး "

" ထ! အိပ်မယ်!! ကြားလား..! "

My Universe ( Complete )Where stories live. Discover now