Part -31

1.7K 93 14
                                    

# Unicode #

" မင် ယွန် ဂီ မတ်စ်!! "

ဂျီမင် အသံကြောင့် အကုန်လုံး ငြိမ်သက်သွားကြသလို ယွန်ဂီကလည်း မျက်လုံးပြူးကာကြည့်လာ၏။

" ခင်ဗျား မောင်းတဲ့နေရာပြန်ကြည့်! မျက်လုံးက သေးနေလို့ ဘယ်နေရာရောက်မှန်း မသိတာလား!! "

ကားအပြင်ကို လက်ညိူးထိုးပြီးပြောလာတဲ့ ဂျီမင်ကြောင့်.. ထယ်ယောင်းတို့တွေ ကားအပြင်ကို ကြည့်လိုက်တော့...

" ဆူနာရီကာ ဗုဒ္ဓဘုန်းတော်ကြီးကျောင်း..."

အသံထွက်ဖတ်လိုက်တဲ့ ယွန်ဂီက ဇက်ပုသွားသလို ထယ်ယောင်းရဲ့ မျက်ခုံးတန်းကြီးက တွန့်ချိုးသွားကာ လူသတ်ငွေ့တွေနဲ့ကြည့်လာသည်။

" အားး ဆေးရုံ မောင်းခိုင်းတာလေ..ဘာလို့ ဘုန်းကြီးကျောင်း မောင်းလာတာလဲ!! အားး နာတယ်.. လူဆိုးလေး.. အီးး "

ထယ်ယောင်းရဲ့ ရင်ဘတ်က အင်္ကျီတွေကို ဆွဲဆုပ်ပြီး ပြောလာတဲ့ ဂျောင်ဂု..

" တောင်း .. တောင်းပန်ပါတယ် သခင်လေးဂျွန်.. ကျွန်တော် လမ်း မသိလို့ပါ.."

" လမ်းမသိလည်း မသိဖူးပြောလေ.. -ီး ဖြစ်လို့ သိသလို လုပ်နေရလား.. ခွေးသားရ.."

ထယ်ယောင်းက ခပ်ကြိတ်ကြိတ်ဆဲလာတာကိုလည်း ယွန်ဂီမတ်စ် ခေါင်းငုံ့ပြီးသာ ခံမိ၏။သူ့အမှား မကင်းတာမို့ boss လက်သီးစာ မမိတာကိုပင် ကျေးဇူးတင်ရမည်။

" အစောကြီးတည်းက ပြောပါလား ခင်ဗျားရဲ့.. ဟူးးး ဖယ်! ကျွန်တော်မောင်းမယ် "

ဂျီမင်က ပြောပြ ကားတံခါးဖွင့်လိုက်တာမို့ ယွန်ဂီလည်း လိုက်ဆင်းပြီး ဂျီမင်နေရာဝင်ထိုင်လိုက်သည်။

တကယ်တည်း .. အစတည်းက နေရာမသိဘူး ပြောပါလား.. အလကားသက်သက် လူတတ်ကြီးလုပ်တာ.. စိတ်ရှိတိုင်းလုပ်ရ ရင် ရစရာမရှိဖြစ်တော့မယ်.. ဟွင်းး ကိုယ့်ထက် လူကောင်ထွားနေလို့ သက်သာတယ်မှတ်!

ဂျီမင်တစ်ယောက် ဆူပုတ်ပုတ်နဲ့ ယွန်ဂီ မသိအောင် ကြိမ်းဝါးရင်း ဆေးရုံကို ကားမောင်းသွားလိုက်သည်။သူ house ဆင်းတဲ့ ဆေးရုံဖြစ်သလို ဂျောင်ဂုရဲ့ ဗိုက်အပ်ထားတဲ့ ဌာန ဖြစ်တာမို့.. ကားမောင်းရင်း အကြောင်းကြားထားသဖြင့် အရမ်းကြီး စောင့်စရာမလို..

My Universe ( Complete )Where stories live. Discover now