Part -23

2.4K 138 52
                                    

# Unicode #

မနေ့ညက တစ်ညလုံး အချစ် တိုက်ပွဲ နွှဲထားကြတာမို့.. အခုမနက်တော့.. ကိုးနာရီ ထိုးသည့်တိုင်အောင်.. တစ်ယောက်မှ နှိုးထခြင်းမရှိသေးပေ။

ထယ်ယောင်းကတော့ မနက်လင်းခါနီးက ပြီးဆုံးပြီး အိပ်ပျော်သွား၏။အိပ်ခါနီး သူကိုယ်တိုင်ရော ကုကီး ကိုပါ သေချာသန့်စင်ပေးပြီးမှ.. ခပ်သေးသေး ကိုယ်လုံးလေးကို.. ရင်ခွင်ထဲ ထည့်ပြီး.. အိပ်စက်ခဲ့တာပင်။

အိမ်တော်က အစေခံတွေလည်း.. အလိုက်တသိပင်.. အပ်ကျသံက အစ မကြားအောင် ဂရုတစိုက် အလုပ်လုပ်နေကြ၏။

~

~

ခပ်ထူထူ မျက်ခုံးတန်းတို့က အနည်းငယ် တွန့်ချိုးလာပြီး.. တဖြေးဖြေးနဲ့ လှုပ်ခတ်လာတဲ့.. မျက်ရစ် တစ်ဖက်သာ ရှိတဲ့ မျက်ခွံ့ နဲ့အတူ.. ပွင့်လာတဲ့ မျက်ဝန်းညိုတွေက ကျေနပ်မှုတွေ ရှိနေသယောင်...

အိပ်ရာနိုးနိုးချင်း.. မနေ့ညက အကြောင်း တွေးမိပြီး.. ထယ်ယောင်းရဲ့ နှုတ်ခမ်းတွေ အချိုးအစားကျစွာ တွန့်ချိုးပြီး.. ခပ်ဟဟ ပြုံးနေပုံက တစ်မျိုးတစ်ဖုံ ကြည့်ကောင်းပြီး.. ပြည့်စုံလွန်းလှသည်။

ရင်ဘတ်ပေါ် ကျနေတဲ့ ခပ်နွေးနွေး အသက်ရှုသံလေးကြောင့် ကင်မ်ထယ်ယောင်းကြီးရဲ့ မနက်ခင်းနိုးထချိန်က ပိုပြီးတောင် ပြည့်စုံတာထက် လွန်နေ၏။

ဘဝရဲ့ ရွှေရောင် အချိန်တွေဆိုတာ ကင်မ်ထယ်ယောင်း အတွက်တော့.. သက်လည်နဲ့အတူ ကုန်ဆုံးရတဲ့ နေ့ရက်တွေပင်။

ရည်မှန်းချက် ကြီးတယ်ပြောလည်း ရတယ်.. အကြံကြီးတယ် ပြောလည်း ကင်မ်ထယ်ယောင်းက ဆောက် ဂရုမစိုက်ဘူး..

ဆောက်ဂရုမစိုက်လို့လည်း.. ငယ်ငယ်တည်းက သုံးနှစ် အရွယ် ကလေးကို အပိုင်ရဖို့ ကြံစည်ခဲ့တာ.. အခုတော့ သူ့စိတ်တိုင်းကျ သူ့ရဲ့ အရုပ်လေးက.. သူ့ရဲ့အပိုင် တံဆိပ်တွေနဲ့ ပြည့်နှက်နေပြီ..

သူ့ရင်ဘတ်ထဲ မျက်နှာဝှက်ကာ အိပ်မောကျနေတဲ့ ကုကီးကို တစိမ့်စိမ့်ကြည့်ပြီး.. အသည်းကြမ်းပြီး ရိုင်းဆိုင်း ရက်စက်တဲ့ ကင်မ်ထယ်ယောင်း‌လို လူမျိုးရဲ့ အသည်းအသက် ဖြစ်လာတာမို့.. ပိုပြီးတောင် မြတ်နိုးမိသည်။

My Universe ( Complete )Where stories live. Discover now