Part -32

1.8K 88 5
                                    

# Unicode #

" ကျွန်.. ကျွန်တော့်ကို  ရှင်းး ပြ  ကင်မ်ထယ်ယောင်း.. အဲ့.. ဒီနေ့က အဖြစ် ပျက် တွေအားလုံး ကိူ.."

ကုကီးရဲ့ စကားကြောင့် ထယ်ယောင်း မျက်နှာက ဝင်းလဲ့သွား၏။မိမိရဲ့လုပ်ရပ်အပေါ် ကုကီး အထင်မြင်လွှဲ‌မှားနေသဖြင့်မြူတစ်မှုန်မကျန်အောင် ရှင်းပြမယ်..

" ကိုယ်.. ကိုယ် ရှင်းပြမယ်.. သက်လည်.. ! မတ်စ်.. သူ ရောက်ပြီလား.."

ကုကီးကို ပြောနေရင်းကနေ ယွန်ဂီကိူ မေးလိုက်တဲ့ထယ်ယောင်း..

ယွန်ဂီက နားထဲ တပ်ထားတဲ့ဆက်သွယ်ရေးကိရိယာကနေ ခပ်တိုးတိုးပြောပြီး တစ်ဖက်က အကြောင်းပြန်တာကို နားထောင်နေလိုက်၏။

" ရောက်ပါပြီ Boss.. နောက်ငါးမိနစ်ဆိုရင် ဒီကို ရောက်ပါပြီ.. "

မတ်စ်ရဲ့စကားကို ခေါင်းငြိမ့်ပြလာတဲ့ ထယ်ယောင်း..

" သက်လည်.. ကိုယ် သတ်ခဲ့တာ မင်း အဖေ မဟုတ်ဘူး.. ~ "

" ဒါပေမဲ့.... "

" ကိုယ်ရှင်းပြနေတဲ့အတောအတွင်း တစ်လုံးမှ ဝင်မပြောနဲ့သက်လည်.."

ခွန်းတုံ့ပြန်ဖို့ပြင်လာတဲ့ ကုကီးကိူ ထယ်ယောင်းက ပြောလိုက်တာမို့ ကုကီးလည်း ငြိမ်ပေးလိုက်မိသည်။ ဘာဘဲဖြစ်ဖြစ် ကလေးတွေအတွက်တွေးပြီး သူ ရှင်းပြတာကို နားထောင့်သင့်တယ်မလား...

" ကိုယ်တို့ New York သွားတဲ့ အချိန်ကို မှတ်မိတယ်မလား.. အဲ့အချိန်မှာ ဦးလေးဂျွန်လည်း နယ်ဖက်ကိူ ခရီးသွားရတယ်လေ.."

ကုကီးကတော့ ထယ်ယောင်း ပြောတာတွေကို သေချာနားထောင်နေသလို ဂျီမင်ကလည်း သိချင်စိတ်ကြောင့် ရှေ့တစ်လှမ်းတိုးပြီး ‌နားထောင်မိ၏။

" အဲ့အချိန်မှာ နယ်ဘက်ရောက်နေတဲ့ ဦးလေး ဂျွန် ကား အက်ဆီးဒန့်ဖြစ်ခဲ့တယ်.. "

" ဗျာ!! "

လုံးဝ ထင်မှတ်မထားတာကြောင့် အံ့ဩမှုက အထင်းသားရယ်..

" ဦးလေး ဂျွန်က ကားအက်ဆီးဒန့်က ဘရိတ်ကြိုးပေါက်ပြီး ဖြစ်တာ.. အတိအကျဆိုရင် တမင် ဘရိတ်ကြိုး အဖြတ်ခံရတာ.."

My Universe ( Complete )Where stories live. Discover now