Part -11

2.3K 149 82
                                    

# Unicode #

" ဟ! မင်းတစ်သက်လုံး အဲ့လိုဘဲ ခေါင်း‌စောင်းနေတော့မှာလား.."

ထယ်ယောင်း အဝတ်စားလဲ ပြီးတော့ ကုကီးကိုကြည့်လိုက်တော့ ကုကီးက ကုတင်ပေါ်မှာ ထိုင်ပြီး တဖက်ကို မျက်နှာကွယ်ထားတာမို့ ထယ်ယောင်း မျက်မှောင်ကျုံ့ကြည့်ကာ မေးလိုက်၏။

" လူဆိုးလေး..အဝတ်လဲလို့ ပြီးပြီလား.."

တစ်ဖက်ကနေ လှည့်မလာဘဲ မေးလာတဲ့ ‌ကုကီး..မျက်နှာလေးက နီရဲကာ နားရွက်ဖျားလေးတွေက ရဲတွတ်နေပုံက အရှက်သည်းနေမှန်းသိသာလှသည်။

" ပြီးပြီ..မင်းလင်ကို ကြည့်လို့ရပြီ.."

" ဟာ! လူဆိုးလေးကလည်း.."

«« ဟာ! လူဂျိုးလေးကလည်း..တုတီးက ညိန်းည ယူမှာပါဆို »»

နှုတ်ခမ်းလေးဆူကာ သူ့ကို ခေါ်လာတဲ့ ကုကီး စကားအဆုံး နားထဲ ကြားယောင်လာတဲ့ ကလေးပိစိ အသံလေးကြောင့် ခေါင်းကိုဆက်ခနဲ ခါလိုက်မိသည်။

" ကျစ်! "

" လူဆိုးလေး ဘာဖြစ်လိုလဲဟင်.."

မျက်နှာရှုံ့မဲ့သွားတဲ့ လူဆိူးလေးကို မြင်တော့ ကုကီးက ကုတင်ပေါ်က ဆင်းကာ ထယ်ယောင်းနားသွားရပ်ပြီး မေးလိုက်၏။

" ဘာမှမဟုတ်ဘူး..ရတယ်..မင်းက ဘာကိစ္စ ငါ့အခန်းထဲ လာတာလဲ..ငါ့ကို သိလို့လား!!ငါနဲ့ မင်း စကားပြောဖူးလို့လား!! "

လူဆိုးလေး စကားကြောင့် ကုကီးကြောင်အသွားပေမဲ့ သူ့ကို စိတ်ဆိုးနေလို့ အခုလို ပြောတယ်သာ ထင်လိုက်၏။

" ဟင့်! လူဆိုးလေးကို တွေ့ချင်လို့လေ..လူဆိုးလေးက ကုကီးကို အခုထိ စိတ်ဆိုးမပြေသေးဘူးလား.."

ကုကီးက ထယ်ယောင်းရင်ခွင်ထဲ ဝင်ပြီး မျက်နှာအပ်ကာ ငိုပြီး ပြောလာတော့ ထယ်ယောင်းရဲ့ ဝဲဘက်ရင်အုံက နာကျင်လာ၏။သူကိုယ်တိုင်လည်း ဘာတွေ ဖြစ်နေမှန်းမသိ..သူနဲ့ ဒီကောင်လေးက သူမေ့နေတဲ့ အတိတ်ရဲ့ တစ်စိတ်တစ်ပိုင်းမှာ ပတ်သတ်မှု ရှိခဲ့တာလား...

ကင်မ်ထယ်ယောင်းက နာကျင်နေတဲ့ ဝဲဘက်ရင်အုံကြောင့် မနေတတ်ဖြစ်လာကာ

My Universe ( Complete )Where stories live. Discover now