Part -18 🍰🎉

2.3K 144 115
                                    

# Unicode #

မနက်ခင်း အလင်းရောင် ဖျဖျက ကုပီးရဲ့ မျက်နှာနုနုလေးပေါ် ဖြာကျလာတော့ မျက်ခွံလေးတွေ တလှုပ်လှုပ်နဲ့ နိုးလာတဲ့ ကုကီး..

အပြင်ဘက် မှန်တံခါးကနေ တစ်ဖွဲဖွဲ ကျနေတဲ့ ဖြူစွတ်စွတ်နှင်းတွေက အရမ်း လှပလွန်းသည်။

အေးစက်နေတဲ့ ရာသီဥတုပေမဲ့ တစ်စုံတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ရှိနေတဲ့ သူကတော့ နွေးထွေးနေ၏။

အလင်းရောင် ဖျဖျလေးနဲ့ ဝင်းပနေတဲ့ လူဆိုးလေးရဲ့ မျက်နှာက ချောမောခန့်ညား မှုတွေ အပြည့်ပင်။အရယ်ယ်အပြုံးမရှိဘဲ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းထူထူတွေက ကြည့်ကောင်းလွန်းရပြီး ရယ်လိုက်လို့ ပေါ်ထွက်လာတဲ့ လေးထောင့်ဆန်ဆန် အပြုံးတွေကလည်း လူသတ် လက်နက် အန္တရာယ် များလွန်းလှ၏။

* Happy birthday ပါ လူဆိုးလေးရေ.. *

အိပ်ပျော်နေသူရဲ့ မေးဖျားလေးကို နမ်းလိုက်ကာ တိုးတိုးလေး ဆုတောင်းပေးလာတဲ့ ကုကီး..

ချစ်တဲ့ စိတ် မြတ်နိုးတဲ့ စိတ်နဲ့ ထယ်ယောင်းရဲ့ မျက်နှာကို တစိမ့်စိမ့် ငေးနေတဲ့ ကုကီး..

တကယ်ပါ.. ချစ်ရသူက အရှုံးဆို.. လူဆိုးလေးနဲ့ ပတ်သက်ပြီး သူကဘဲ ရှုံးချင်ပါတယ်.. ချစ်ရတဲ့ လူသားထံမှာ ရှုံးရတာ ကျေနပ်စရာအမှန်ပေါ့!

" ဟွန့်! အလကား.. ပိုက်ဆံ မပေးရတိုင်း ချောနေတာ.. လူဆိုးလေးက!! "

လေးထောင့်ကျတဲ့ မေးရိုးတန်းတွေမှာ စိမ်းမြမြ နဲ့ မေးသိုင်းမွေး ငုတ်စိလေးတွေ ထွက်နေတာမို့ ဆူးတူးတူး ခံစားချက်လေးက အသည်ယားစရာမို့ လက်ညိူးလေးဖြင့် ဖွဖွလေး ပွတ်ဆွဲကာ ပြောနေတဲ့ ကုကီး..

" ပွတ်လို့ ဝပြီလား!! "

" မဝသေး~!! အဲ~.."

မေးရိုးကို ပွတ်ဆွဲနေတဲ့ ကုကီးကို ရုတ်တရပ် မျက်လုံးပွင့်လာပြီး အိပ်ရာထမို့ ခပ်အက်အက် ဖြစ်နေတဲ့ အသံနဲ့ မေးလာတဲ့ လူဆိုးလေးကြောင့် ကုကီးမှာ သူခိုးလူမိတဲ့ အဖြစ်မျိုးမို့ ထူပူသွားမိသည်။

" အယ်! ဟို.. အယ်.. .. အာ~... ဘယ်အချိန်တည်းက.. နိုး.. နိုးနေတာလဲ..လူဆိူးလေးက~.."

My Universe ( Complete )Where stories live. Discover now