# Unicode #
ကုကီးကတော့ နေရာမှာ ငိုကောင်းတုန်းပင်။ ထယ်ယောင်းလည်း စိတ်မရှည်တာမို့ ကုကီး ကိုယ်လေးကို ပွေ့ချီလိုက်သည်။
" လူဆိုးလေး!! "
ရုတ်တရပ် အချီ ခံလိုက်ရတာမို့ ကုကီး လန့်ပြီး အော်လိုက်မိ၏။
"ဘာ..ဘာလုပ်တာလဲ.."
" ချီခေါ်တာလေ..မင်းစောက်လုံးကန်းနေလား..မမြင်ဘူးလား..ကန်းလည်းကန်းချင်စရာ..စောက်ရည်တွေရွှဲအောင် ငိုနေတာကို! "
ကုကီးရဲ့ အမေးကို ပြန်ပြီ ပြောလာတဲ့ ထယ်ယောင်းရဲ့ စကားကြောင့် ကုကီးရဲ့ နှာခေါင်းလေးရှုံ့သွားကာ ထယ်ယောင်းရဲ့ ရင်ခွင်ထဲမှီပြီးငြိမ်နေလိုက်သည်။
ကိုယ်က သူအဖမ်းခံရမှာဆိုးပြီး ငိုနေတာကို သူက ဘာမှ မဖြစ်သလို လုပ်နေတာ..လူဆိုးလေး မကောင်းဘူး..
ထယ်ယောင်း ငိူထားလို့ မို့အစ်နေတဲ့ မျက်နှာလေးနဲ့ ဆူပုတ်ပုတ်ပုံစံလေးဖြင့်..သူ့ရင်ခွင်ထဲ မီကာ ငြိမ်ပါလာတဲ့..ကုကီးကို ကြည့်ပြီး ခိုးပြုံးလိုက်မိသည်။
" ဘုတ်!! "
" အာ့! "
" ဖြေးဖြေးလုပ်ပါ..လူဆိုးလေးကလည်း ခါးကျိုးပြီလား မသိဘူး.."
ထယ်ယောင်းက ကားရှေ့ခန်းထဲကို ပစ်ချလိုက်တာကြောင့် ကုကီး ခမျာ တုန်းတုန်းလေး .love set ပေါ် ပြုတ်ကျသွား၏။
ဆူပုတ်ပူတ်လေးနဲ့ ထယ်ယောင်းကို မျက်စောင်းထိုးပြီး ပြောလာတဲ့ ကုကီးက မကျေမနပ်ဖြစ်နေပုံ။
" တည့်တည့်ထိုင်! ငါ မောင်းတော့မှာ..ဖယ်.."
ထယ်ယောင်းက မျက်နှာတည်တည်နဲ့ ဖယ်ခိုင်းလာတာမို့ မကျေမနပ်နဲ့ တစ်ဖက်ကို တိုးထိုင်ကာ..ပါးပြင်ပေါ်က လက်ကျန်မျက်ရည်တွေကို လက်ဖမိုးဖြူဖြူလေးနဲ့ ပွတ်ဆွဲပြီးသုတ်ကာ တစ်ဖက်ကို လှည့်ထိုင်နေတဲ့ ကုကီးက သေချာပေါက် စိတ်ကောက်နေတာအမှန်ပင်..
ထယ်ယောင်းလည်း ကလေးဆန်တဲ့ ကုကီးရဲ့အပြုအမူကြောင့်..အသည်းပုံစံ နှုတ်ခမ်းတွေက လေးထောင့်ဆန်ဆန် ရယ်သွမ်းသွေးလာသည်။
YOU ARE READING
My Universe ( Complete )
Fanficမင်းက ငါ့အပိုင်ဘဲ ဂျွန်ဂျောင်ဂု..ငါက ကိုယ်လိုချင်တာကို မရရင်ရင် ဖျက်ဆီးတတ်သလို ငါပိုင်တာထိရင်လည်း သေခြင်းထက်ဆိုးတဲ့ ငရဲကို ပေးတတ်တယ် ကင်မ်ထယ်ယောင်း ငါ အရမ်းချစ်ခဲ့ဖူးတဲ့ သူက နောင်တစ်ချိန် ငါအရမ်းမုန်းတဲ့သူ ဖြစ်မယ်လို့မထင်ခဲ့ဘူး.. ဂျွန်ဂျောင်ဂု မင္းက...