Part -9

2K 145 56
                                    


# Unicode #

စံအိမ်က အိမ်တော်ထိန်းတွေ ဖုန်းဆက်သဖြင့် အိုဘုံးနဲ့ ဂျိုမင်တို့ အမြန်ပင် ပြန်လာခဲ့၏။ဘယ်ကနေ ဘယ်လို စဖြစ်မှန်း မသိပေမဲ့ အခြေနေ မဆိူးဝါးဖို့ ဆုတောင်းရမည်။

" ဂျိုမင် ဆာကူရာ ဆေးရုံကို မောင်း ! သူတို့တွေ ဆေးရုံ ရောက်သွားပြီ.."

ကားမောင်းနေတုန်း..သခင်ကြီးက အမိန့်ပေးလိုက်တာမို့..ဂျိုမင်ကားကို အရှိန်မြင့်ကာ ဆေးရုံကို မောင်းလိုက်၏။

ဆေးရုံရောက်ဝောာ့ အကုန်လုံး ကားပေါ်ကနေအမြန်ဆင်းကာ အရေးပေါ်ခန်းရှေ့ကို ပြေးသွားလိုက်ကြသည်။

" ဟူးး အခြေ..နေ..ဘယ်လို ရှိလဲ!! "

သခင်ကြီး အိုဘုံက အမောတောင် မဖြေနိုင်ဘဲ အရေးပေါ်ခန်းရှေ့ရောက်တော့ အမြန်မေးလာ၏။

" ဟို..ဟို..သခင်လေး အခြေနေက မသိသေးပါဘူး..သ..သခင်မကြီးကတော့လေ.. ရေခဲတိုက်မှာ.."

အိမ်တော်ထိန်းစကားကြောင့် အိုဘုံး ကြမ်းပြင်ပေါ် ပုံလျက်သား လဲကျသွားသည်။

" ဘာ..ဘာပြောတယ်..လီ..လီက ရေခဲတိုက်ထဲမှာ..မဟုတ်ဘူးမလား!! လီ..လီ ကိုယ့်ကို ထားသွားပြီလားကွာ..လီ..!! "

ဂျိုမင်လည်း သခင်မကြီးသတင်းကြားရဝော့ ကြက်သေသေမိသွားသည်။

" ကုကီးလေးကရော!! "

အိုဘုံးက ကုကီးလေးအတွက်ပါ မေးလာသည်။ပြဿ‌နာတွေ ဘယ်လို ဖြစ်မှန်း မသိပေမဲ့ သားရဲ့ မြတ်နိုးရာကိုဝောာ့ သူတက်နိုင်သလောက် ကာကွယ်ပေးချင်ပါ၏။

" ကုကီးလေးကတော့..ကြီးကြီးမားမားထိခိုက်မှုမရှိလို့.. ကုသဆောင်မှာ ရှိတယ်.."

ကုကီး ဘာမှ မဖြစ်လို့ဝမ်းသာမိပေမဲ့ ဇနီးသည်အတွက် ဝမ်းနည်းစိတ်က ရှိနေသည်။ချစ်ခင်စုံမက်လို့ လက်ထပ်ခဲ့သူနဲ့ သေကွဲ ကွဲရတာ အရမ်းပင် နာကျင်၏။

" လီယာ...လီယာက ဘယ်လိုဖြစ်ပြီး..ဘယ်လိုဖြစ်ပြီး..ဆုံးရတာတုန်း.."

အိုဘုံး ယောက်ျားတန်မဲ့ မျက်ရည်မခိုင်ဘဲ တုန်တုန်ချိချိပင် မေးမိသည်။ယောကျာ်းလေးမို့ မျက်ရည်မကျရဘူး ပြောကြပေမဲ့ သူလည်း အသည်းနှလုံးနဲ့ဖွဲ့စည်းထားတဲ့ လူမို့ ချစ်ဇနီး ဆုံးတာနဲ့ပတ်သတ်ပြီး ခံစားရတာ မွကြေမတက်ပင်..

My Universe ( Complete )Where stories live. Discover now