Please.. Read 🙏🏻

624 41 11
                                    

#Unicode #


လူဆိုးလေးကို ဒီနေ့ အပြီးထိ အပ်ပေးမှာပါနော် 😚

update တွေ တစ်လနီးပါး ပျောက်သွားရတဲ့အကြောင်းလေး ပြောပြချင်ပါတယ်ဗျ..

update မှန်ပါတော့မယ်.. fic အသစ်တွေ အပ်ပေးတော့ပါမယ်ပြောပြီး ပျောက်သွားခဲ့ရတာမို့ အများကြီး တောင်းပန်ပါတယ်🙇🏻‍♀️ ပြီးတော့ အရမ်းလည်း အားနာရပါတယ်ရှင် .. သဲကိုယ်တိုင်လည်း ကတိ မတည်တဲ့လူ လို့ ခံစားရတာမို့ မျက်နှာလည်း ပူမိပါတယ်.😌..

သဲအခုက စပြီး တစ်ပတ်ကို နှစ်ပိုင်း ဒါမှ မဟုတ် သုံးပိုင်း နှုန်းဘဲ တင်ပေးတော့မှာပါ.. နေ့တိုင်း အပ်ဒိတ်ပေးချင်ပေမဲ့ မျက်လုံးက အခြေ‌နေ ဆိုးနေလို့ပါ..

အကြာကြီးပျောက်နေရတာလည်း မျက်လုံးကြောင့်ပါဘဲ..

သဲရဲ့ မျက်လုံးက အခုဆို လိမ်းဆေးနဲ့ မျက်စဉ်းခပ်နေရတဲ့ အခြေနေပါ.. လိမ်းဆေးက မျက်ခွံ့စပ်လေးတွေကို လိမ်းပေးနေရတာ.. ဂျယ်လိုမျိုး အရာလေးပေါ့.. သုံးဖူးတဲ့သူတွေရှိရင်သိမှာပါ..

မျက်လုံးယားယံမှု ဖြစ်နေသလို မျက်လုံးဆလင်ဒါက အနည်းငယ် စောင်းချင်သလို ဖြစ်နေတာမို့ မျက်လုံးဆရာဝန်နဲ့ တစ်လတည်းမှာ နှစ်ကြိမ်ပြနေရပါတယ်..

ဆရာဝန်က မျက်လုံးကြောင့် အာရုံစူးစိုက်ရတဲ့ ‌အလုပ်‌တွေရှောင်ရှားဖို့ ပြောတာမို့ ပြင်ပအလုပ်ကလည်း ရှိသေးတာနဲ့ဘဲ ဖုန်းသုံးပြီး စာရေးရတဲ့ ဒီရပ်ဝန်းလေးကိုဘဲ ရပ်နားခဲ့တာပါ..

အခူဆိုရင် မျက်လုံးက ဖုန်းသုံးတိုင်း ယားယံလာတတ်သလို စကားလုံးတွေကို ပီပီသသ မမြင်နိုင်တော့တဲ့အထိပါ.. ဒါ့ကြောင့် social media တွေပါ ရပ်နားထားခဲ့တာပါ.. သဲရဲ့ social acc တွေ သိတဲ့သူတွေဆို သဲ active တွေ မရှိတာကို သိလောက်မှာပါ..

tele မှာရော fb မှာပါ စိုးရိမ်ပြီး လာမေးတတ်သလို အပ်ဒိတ်လေးတွေ လာတောင်း ကြသူတွေကိုလည်း အများကြီး အားနာမိရပါတယ်.. သဲကို တကူးတက ဂရုစိုက် သတိထားပေးမိလို့လည်း ကျေးဇူး အများကြီးတင်ရပါတယ်..❤️

သဲ ကို အကြောင်းပြချက်ပေးပြီး အယူခံဝင်တယ်လို့တော့ မထင်စေချင်ပါဘူး.. သဲ တကယ့်ကို ဒီရပ်ဝန်းလေးထဲ ပြန်လာချင်တာပါ.. စိတ်အမောတွေကို ပြေပျောက်စေပြီး ငြိမ်းချမ်းရာ နေရာလေးတစ်ခုမို့ သဲအတွက်တော့ အိုအေစစ်လေးလိုပါဘဲ..

My Universe ( Complete )Where stories live. Discover now