Part -26

2.2K 130 18
                                    

# Unicode #

" ဘာထိုင်လုပ်နေတာဘဲ.. အဲ့တာက! "

ထယ်ယောင်း.. အဝတ်လဲခန်းထဲက ထွက်လာတော့ ကြမ်းပြင်မှာ ငုတ်တုတ်ထိုင်နေတဲ့ကုကီးကြောင့် ဆူငေါက်သံက ထွက်လာရ၏။အဲ့ကောင်လေးက.. အချိန်ပြည့် အဆူခံချင်နေလားမသိ။

ချစ်ရသူဖြစ်နေလို့သာ.. ဆူငေါက်ရုံသာ...။ မဟုတ်ရင် ကုကီးလုပ်တဲ့ပုံစံမျိုး ၊ အချိုးမျိုးတွေ.. တခြားသူ လူလုပ်ကြည့်ပါလား.. နရင်းတွေဘဲ အအုပ်ခံရမှာ! သူ ဖြစ်နေလို့သာ ...

" လူဆိုးလေးမှ အခန်းသော့‌မှ မပေးတာ!! အဲ့တော့.. ထိုင်နေတာလေ.."

မျက်နှာကို ပုံစံအမျိုးမျိုးနဲ့ မဲ့ရွဲ့ပြီး ပြောလာတဲ့ကုကီးက အခုထိ ထိုင်နေဆဲပင်။

" ငါနဲ့ နေလို့ ပြောထားတယ်လေ..! စောက်နားက ကန်းနေတာလား !!"

ထယ်ယောင်းက ကုကီး ထိုင်နေတဲ့ရှေ့ ဒူးတစ်ဖက်ထောက်ပြီး ထိုင်ချပြီး ပြောလာတာမို့ ကုကီး မော့ကြည့်လာ၏။

" လူဆိုးလေးကလည်း.. ကုကီး တို့ အနေထိုင် ဆင်ခြင်သင့်တယ်လေ.. ဖေဖေ‌ ဆီက~.."

" ဟ! အနေထိုင် ဆင်ခြင်သင့်တယ်ပြောရအောင် ငါက မင်းအဖေရှေ့မှာကို မင်းကို ဆွဲ -ိုး နေလို့လားကွ!! "

ထယ်ယောင်းက ဒေါသ ထွက်ထွက်နဲ့ ပြောလာတော့ ကုကီး မျက်နှာလေးရှုံ့မဲ့သွားရ၏ ။

" လူဆိုးလေးနော် မညစ်ပတ်နဲ့ဗျ!! "

ကုကီးက မျက်လုံးမှိတ်ကြီး အော်လိုက်တော့ ထယ်ယောင်းရဲ့ နှုတ်ခမ်းထူထူထတွေက စက္ကန့်ပိုင်းမျှ လှလှပပ တွန့်ချိုးသွားသည်။

" မညစ်ပတ်ဘူး! အခုမှ ရေချိုးထားတာ! မွှေးကြည့်ပါလား မင်းလင် ကျူပ် ကိုယ်ကို ! "

ထယ်ယောင်း စကားကြောင့် မျက်စောင်းထိုးလိုက်တဲ့ ကုကီး။

" ထတော့!! ကြမ်းပြင်မှာ ထိုင်မနေနဲ့.. ကြမ်းပြင်ထက် မင်းလင် ကျုပ်ပေါင်က ပိုကောင်းတယ်..ဟုတ်တယ်မလား..!"

ထယ်ယောင်းက ငုတ်တုတ်ထိုင်နေတဲ့ ကုကီးရဲ့ ကိုယ်လုံးလေးကို ဆွေ့ခနဲ ပွေ့ချီ ပစ်ပြီး ပြောလိုက်တော့ သူ့ကိုယ်ပေါ် ‌မှ ပြူးကြောင်ကြောင်လေး ပြန်ကြည့်လာတဲ့.. ကုကီး...

My Universe ( Complete )Where stories live. Discover now