# Unicode #
" လူဂျိုးလေး..အတု ဘယ်တို တွားမှာရဲ.."
ကားအနောက်ခန်းထဲမှာ သေချာထိုင်ခိုင်းပြီး ခါးပတ် ပတ်ပေးတော့ မေးလာတဲ့ ကုကီး .
" အပြင်သွားမယ်လို့ ပြောတယ်လေ ဘာတွေ စောက်ရစ်ရှည်နေတာတုန်း.."
"ဟွန့် လူဂျိုးလေးကလည်း.."
ကုကီးက အလိုမကျသလို ပြောလာပေမဲ့ လူဆိုးလေးကိုလည်းကြောက်တာမို့ တိုးတိုးလေးသာ ပြောလိုက်မိသည်။
ထယ်ယောင်းလည်းသေချာထိုင်ကာ ခါးပတ်ပတ်လိုက်တော့ ဒရိုင်ဘာက မောင်းထွက်သွား၏။ကုကီး အဖေက သူ့ဒယ်ဒီ့ အတွက်သာ ကားမောင်းပေးရသဖြင့် သူ့အတွက်က စက်သက် ဒရိုင်ဘာ တစ်ယောက်ခန့်ပေးထားသည်။ မာမီ့ အတွက်ကလည်း ဒရိုင်ဘာသက်သက်ရှိတာမို့ မပူရပေ..
" လူဂျိုးလေး ဟိုဟွာက ဘာရဲ ဟမ်! အိမ်တေးတေးလေးနဲ့ အချီကြီးလေ.."
မြို့လည်က နာရီစင်ကို လက်ညိုးထိုးပြပြီး မေးလာတဲ့ ကုကီး
" အဲ့တာ အိမ်မဟုတ်ဘူး...နာရီစင်..လို့ခေါ်တယ်.."
ထယ်ယောင်း ပြောမှ ..ဪ ဟူသော အသံသေးသေးလေးနဲ့ မှန်တစ်ဖက်က အထူးအဆန်းမှန်သမျှ ငေးကြည့်နေ၏။
" ကုကီး.."
" ဂျာ.."
ထယ်ယောင်းခေါ်တော့ ထူးလာတဲ့ ကုကီးက မျက်လုံးလေးတွေကပါ အရောင်တလက်လက်ပင်..
" မင်းက ဂျန်းထယ်ကျတော့ ကိုကိုလို့ ခေါ်ပြီး ငါ့ကျဝောာ့ လူဆိုးလေးလို့ ဘာကြောင့်ခေါ်တာလဲ."
ထယ်ယောင်း တကယ်အလိုမကျမိပါ တခြားသူကို ခေါ်တဲ့ နာမ်စားမှန်သမျှ ကုကီး ပါးစပ်ကနေ ထွက်မကျစေချင်..
" လူဂျိုးလေးက ဂျိုးရာတို..တုတီး..က ထော်ရင်း.. ဆွဲတွားရာ..လူဂျိုးလေး မတိုက်ရင် မထော်ရော့ဖူး..ခိုချီး လို့ခေါ်မယ်.."
" ဘာ! ခိုချီး!! "
ထယ်ယောင်းက အော်တော့ ကုကီးက ဘာမှားလို့လဲ ဟူသော အကြည့်တွေဖြင့်ကြည့်လာသည်။
" ခိုချီး လို့ ထော်ရာ မတိုက်ရို့ရား..လူဂျိုးလေးက.."
ထယ်ယောင်းမှာ ကုကီးရဲ့ စကားကို ပြန်စဉ်းစားလိုက်၏။
YOU ARE READING
My Universe ( Complete )
Fanfictionမင်းက ငါ့အပိုင်ဘဲ ဂျွန်ဂျောင်ဂု..ငါက ကိုယ်လိုချင်တာကို မရရင်ရင် ဖျက်ဆီးတတ်သလို ငါပိုင်တာထိရင်လည်း သေခြင်းထက်ဆိုးတဲ့ ငရဲကို ပေးတတ်တယ် ကင်မ်ထယ်ယောင်း ငါ အရမ်းချစ်ခဲ့ဖူးတဲ့ သူက နောင်တစ်ချိန် ငါအရမ်းမုန်းတဲ့သူ ဖြစ်မယ်လို့မထင်ခဲ့ဘူး.. ဂျွန်ဂျောင်ဂု မင္းက...