Part -7

2.2K 142 48
                                    

# Unicode #

ကုကီးကို စောင့်ကြည့်ဖို့ မှာထားတဲ့ ကိုယ်ရံဝောာ်တစ်ယောက်ဆီက ကုကီး လေးငိုနေတာ ချော့မရဘူးဆိုတဲ့ မက်ဆေခ်ျ့ကို မြင်တော့ အရှေ့မှာ စာသင်တဲ့ ဆရာကိုဝောာင် ဂရုမထားနိုင်ဘဲ... စာသင်ခန်းထဲက ပြေးထွက်လာသည်။

ချက်ချင်းဘဲ လာခေါ်ခိုင်းတဲ့ ကားပေါ်တက်ကာ ကုကီးရဲ့ ကျောင်းကို အမြန်မောင်းခိုင်းရ၏။

ကျောင်းရောက်တော့ တံခါးကို ဝုန်းခနဲ့ ဆွဲဖွင့်ပြီး ကုကီး အခန်းကိုသာ ပြေးသွားလိုက်တော့သည်။

" ကုကီးး "

သူခေါ်လိုက်တော့ ပြေးပြီး ဖက် လာတဲ့ ကုကီးကို ပွေ့ချီလိုက်တော့ သူ့ရဲ့ ပခုံးပေါ် ခေါင်းတင်ပြီး..တအီအီ ရှိုက်ငိုနေ၏။

" ဘာဖြစ်တာလဲ!! "

ဆရာမတွေဘက်လှည့်ပြီး မေးလိုက်တော့ မျက်နှာပျက်သွားသည်။

" ဟို..ကလေးချင်း စကားများ ငြင်းခုန်ရင်းဖြစ်တာပါ သခင်လေး ကင်မ်.."

" ကုကီး..ကိုယ့်ကို ကြည့်! ဘာဖြစ်လို့ ငိုရတာလဲ ပြော.."

ထယ်ယောင်းက ပြောတော့ ကုကီးလေးက ရှိုက်သံပိစိလေးတွေနဲ့ သူ့ကိုမော့ကြည့်လာသည်။

" အင့် လူဂျိုးလေးကို သူတို့က တရဲကြီးလို့ ပြောတာ..အီးးး တုတီးကို လူဂျိုးလေးက အင့်!! ညှပ်ခမ်းတွေ ဝါးချားပေမဲ့ လူဂျိုးလေးက အင့်! အင့်! တရဲ ကြီးမှ မဟုတ်တာကို.."

ပြောလိုက် ငိုလိုက်လုပ်နေတာကြောင့် ကုကီးရဲ့ မျက်နှာလေးက နီရဲလာပြီး မျက်ခွံလေးတွေ တောင်ဖောင်းနေ၏။

ထယ်ယောင်းက ကုကီးရဲ့ ဖောင်းမို့မို့မျက်ခွံတွေကို နမ်းကာ..ကျောပြင်လေးကို ပွတ်သပ်ပေးလိုက်သည်။

ငိုရလွန်းလို့ မောသွားတဲ့ ကုကီးလေးက ထယ်ယောင်း အပေါ်မှာ အိပ်ပျော်သွား၏။

" ဒီမှာ..သရဲဆိုတာ မင်းတို့ မြင်ဘူးလို့လား..ဟမ်! ကုကီးက သရဲ မဟုတ်ဘူးဆို မင်းတို့ရဲ့ အဖြေက မဟုတ်ဘူးဘဲ ဖြစ်ရမှာ..ဘာဘဲ ဖြစ်ဖြစ် ကုကီးနဲ့ အပြိုင်ငြင်းပြီး စိတ်ဆင်းရဲအောင်လုပ်တဲ့ ဘယ်ခွေးသားမဆို..ကြီးကြီး ငယ်ငယ် ကင်မ်ထယ်ယောင်းတို့က စောက်ဂရုမစိုက်ဘူး!..စောက်ခွက်တွေဘဲ ဖျတ်ရိုက်မှာ..ဒီတစ်ခါတော့ ထားတော့! "

My Universe ( Complete )Where stories live. Discover now