1

2.6K 143 5
                                    

"ဆောင်းဟန်ဘင်း မင်း ဒီလိုခွန်အားသုံးပြီးအနိုင်မကျင့်နဲ့လေ"

"အဟွန့်.. မင်းလည်း ပြန်အနိုင်ကျင့်လေ အိပ်လိုက်စားလိုက်လုပ်နေမယ့်အစား လေ့ကျင့်ခန်း​လေးဘာ​လေးလုပ်ပြီးတော့ဖြစ်ဖြစ်ပေါ့.."

ကျန်းဟောင့် လက်ကောက်ဝတ်လေးနှစ်ဖက်ကို အားကြီးနဲ့ တင်းကျပ်စွာချုပ်ကိုင်ထားပြီး ခနဲ့နေတဲ့ ဆောင်းဟန်ဘင်း မျက်နှာက ဆွဲကုပ်ပစ်ချင်စရာ။

နီးကပ်နေတဲ့ အနေအထားမှာ ဆောင်းဟန်ဘင်းမျက်တောင်ရှည်လေးတွေကလည်း မနာလိုစရာကောင်းလောက်အောင် ကော့ညွှတ်နေပြီး နီစွေးစွေးနှုတ်ခမ်းပါးလေးက သူများကို အနိုင်ကျင့်နေရသည်မို့ အနည်းငယ်တွန့်ကွေးကာ ​နေ၏ ။
ပြုံးစစမျက်နှာပေး​ကြောင့် ကျန်းဟောင့်မှာ ဒေါသထွက်လွန်းလို့ နှုတ်ခမ်းလေးကို ဆူထော်ထားပြီး မျက်ခုံးနှစ်ဖက်ကို ထိစပ်လုမတတ်တွန့်ချိုးကာ မျက်ဝန်းတွေက မမှိတ်မသုန် ဆောင်းဟန်ဘင်းမျက်နှာကိုသာ တည့်တည့်ကြည့်နေတော့ တစ်ဖက်က သဘောတကျနဲ့ ဟက်ဟက်ပက်ပက်ရယ်လာ၏ ။

"ကျန်း​ဟောင့် မင်းနှုတ်ခမ်းက ငါ့ လာမှန်ပါဦးမယ်.."

ခွပ်!.

"အား!"

လက်နှစ်ဖက်ကို ချုပ်ထားမှတော့ ဆောင်းဟန်ဘင်းမျက်နှာတည့်တည့်ကို သူ့ခေါင်းဖြင့် အားရပါးရ ဆောင့်တိုက်ပစ်လိုက်သည်။

နာကျင်မှုကြောင့် သူ့လက်ကလေးတွေ ဆောင်းဟန်ဘင်းလက်ကနေ လွတ်မြောက်သွားခိုက် ဆောင်းဟန်ဘင်းရင်ဘက်ကို လက်နှစ်ဖက်နဲ့ ဆောင့်တွန်းကာ အပြေးထွက်လာမိတော့ လျင်မြန်လွန်းတဲ့ ဆောင်းဟန်ဘင်းကလည်း သူ့ကိုအလွတ်မပေး။
နောက်ကနေ သူ့လက်ကောက်ဝတ်ကလေးကို ဖြတ်ခနဲလှမ်းဆွဲပြီး ခါးကနေ စွေ့ခနဲဆွဲပွေ့လိုက်တော့ သူ့ခန္ဓာကိုယ်လေးက ယက်ကန်ယက်ကန်နဲ့ ဆောင်းဟန်ဘင်းလက်ထဲ အရုပ်လေးလို ပြန်ပါသွားရသည်လေ။

"ဆောင်းဟန်ဘင်း.. လွှတ်..လွှတ်လို့!"

ဘာလို့ သူ့ခန္ဓာကိုယ်လေးက ဆောင်းဟန်ဘင်းအတွက်ပေါ့ပေါ့လေးဖြစ်နေရတာလဲ..?
ဘယ်လောက်ရုန်းရုန်းလွတ်မြောက်ခဲ့ဖူးသည်မရှိ..
ခုလည်း နောက်ကနေ ဆွဲပွေ့ထားတဲ့ ခါးကလက်တွေကို မလွတ်နိုင်ပဲသိပေမယ့် သူ့လက်လေးတွေနဲ့ အတင်း ဆောင်းဟန်ဘင်းလက်တွေကို ဆွဲဖြုတ်နေမိ၏ ။
ပြီးတော့ မျက်ဝန်းထောင့်မှာ မြင်လိုက်ရတဲ့အရာကြောင့် ဘယ်ကိုဦးတည်နေမှန်းသိရကာ ပိုပြီးအကြောက်အကန်ငြင်းမိသည်။

My Sweetheart    »» CᴏᴍᴘʟᴇᴛᴇᴛᴇᴅWhere stories live. Discover now