ကားတံခါးဖွင့်ပြီး ဆင်းလာချိန်ထိ ဆောင်းဟန်ဘင်းကို စကားတစ်ခွန်းမှမဆို။
အနည်းငယ်ဆူထော်ထားတဲ့ နှုတ်ခမ်းလေးကလည်း အတော်ပင်အသည်းယားစရာကောင်းလွန်းနေ၏ ။
ဘာစကားမှ ဆိုမလာသော်လည်း အိမ်မှာကတည်းက စိတ်ဆိုးနေမှန်းသိအောင်တော့ ပညာပြလေသည်။
ရုတ်တရက် အခန်းတံခါးကို ဝုန်းခနဲ ဆောင့်ပိတ်သွားပြီး ချက်ချင်း ပြန်ထွက်လာကာ နောက်တစ်ခါ ပြန်ဝင်သွားပြီး ဝုန်းခနဲ ထပ်ပိတ်သွားပြန်၏ ။
အခန်းထဲက စာအုပ်တွေတစ်ပုံကြီး မ,လာကာ ဧည့်ခန်းစားပွဲပေါ် ပစ်တင်ပြီး ရေသောက်သည့် ဖန်ခွက်တွေကစ ဆောင့်ချနေကာ ကွဲမှာပင်စိုးရသည်။တဖန် ခေါက်တုံ့ခေါက်ပြန် စိတ်ဆိုးကြောင်း ဆန္ဒပြနေသူလေးက ချက်ချင်း အခန်းထဲပြန်ဝင်ကာ အဝတ်အစားလဲပြီး ပြန်ထွက်လာတာမို့ မနေနိုင်တော့တဲ့အဆုံး သူကပဲ တထစ်လျော့ကာ မေးရတော့သည်။
ခုအခြေအနေက ကိုယ်မသိဘဲ ရေသွားကူးပြီး ပုံတင်သည်ကို မရစ်ရဘဲ ပါတီမှာ နောက်ကျသည့် အကြောင်းပြချက်နှင့် ဆူအောင့်ခံနေရ၏ ။"ဘယ်သွားမှာလဲ"
"ဂယူဗင်းနဲ့ မုန့်သွားစားမလို့"
"ကိုယ်လိုက်ပို့မယ်"
"ရတယ်"
"မရဘူး"
"...."
"ကိုယ် ဒီနေ့နားတယ်"
"နားလေ"
"baby ကကွာ.."
နောက်ဆုံး ဘယ်တုန်းကမှ လွယ်လွယ်လက်မလျော့တတ်တဲ့ သူကသာ အနိုင်ရစမြဲ။
ဒါပေမယ့် ဂယူဗင်းဆီမရောက်ခင်မှာပင် အမောဆို့သွားရသည်။
အကြောင်းရင်းကတော့ တလမ်းလုံး ဘာတစ်ခွန်းမှ စကားဆိုမလာသူက 'ခဏရပ်ဦး' 'ချိုတာလေး တစ်ခုခု သောက်ချင်လို့' ဆိုပြီး စျေးဝယ်ဖို့ Mini Mart လေးတစ်ခုကို ဝင်သွားတာကနေ အစပြု၏ ။"သူက..."
"ဟျောင်းလည်း.. ကျွန်တော်လိုပဲမလား.?.ဟုတ်တယ်မလား ? ဒါပေမယ့်သူက ကျွန်တော်တို့ သိတဲ့ သူမဟုတ်ဘူး"
"ဒါမယ့် တူလွန်းနေတယ်ရော်"
သူ့ကို စူးစူးစိုက်စိုက် အကဲခတ်ကြည့်နေသူကိုလည်း အားမနာနိုင်။
ရူတည်တည်ပြန်ကြည့်ပစ်လိုက်သည်။
ဘေးကကပ်ပါနေသည့် ရစ်ခီကလည်း သူ့ကို မြင်လိုက်ရတော့ တအံတသြ။
ဒီလို နေရာမျိုးမှာ နှစ်ယောက်သား တိုက်တိုက်ဆိုင်ဆိုင်ကြုံလို့။
သူ့ရှေ့က လူကတော့ Mask တပ်ထားပြီး ဦးထုပ်အမည်းရောင်ကို ခပ်ငိုက်ငိုက်ဆောင်းထားကာ အရာရာဖုံးကွယ်ထားတာတောင် အတော်ပင် ဆွဲဆောင်မှုရှိကာ အနည်းငယ်ပင်ဖော်ထားသည့် မျက်ဝန်းတွေက ဒီမတိုင်ခင်ကပင် တစ်နေရာရာမှာ မြင်ဖူးသလိုလိုရှိလှ၏ ။
ဒါမယ့် ဘယ်လိုမှ အစပြန်ဖော်လို့ မရ။
ခုအနေအထားက ရှေ့ကနှစ်ယောက်ကြောင့် ရစ်ခီနဲ့သူက ဘေးလူတွေလို ကြာရင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မယ့်ပုံစံ။