ဆောင်းဟန်ဘင်းကတော့ တကယ်ကိုရူးသွားပြီ!
ဘာ!
သူ့ကို baby တဲ့...!
အား....!
ကြက်သီးထလိုက်တာ...
အရင် သူသိတဲ့ ဆောင်းဟန်ဘင်းကတော့ သူ့ထက်ငယ်ပေမယ့် ဒီဆောင်းဟန်ဘင်းကလည်း သူ့ထက်ငယ်မယ့်ပုံပင်။
ခုမှတွေ့ဖူးကြတာကို ဘယ်လိုစိတ်နဲ့များ ကိုယ့်ထက်ကြီးတဲ့သူကို baby ချင်ရတာပါလိမ့်..မဖြစ်ဘူး..မဖြစ်ဘူး..
ဆောင်းဟန်ဘင်းနဲ့ မတွေ့အောင် ရှောင်နေမှ ဖြစ်မယ်..
လူကို ပိုင်စိုးပိုင်နင်း ဆက်ဆံနေတာတွေကိုလည်း မကြိုက်ပါဘူး။
ပြီးတော့ ဒီဆောင်းဟန်ဘင်းအနားမှာနေရင် စိတ်လှုပ်ရှားလွန်းလို့ နှလုံးခုန်သံတွေမြန်လွန်းနေတာက ကြာရင် နှလုံးရောဂါရမှာပင်စိုးရသည်အထိ။
ကြည့်ကောင်းမှုကလည်း လျှံထွက်နေကာ
တစ်ယောက်တည်းလားဆိုတော့လည်းမဟုတ် ဘေးနားကသူငယ်ချင်းရစ်ခီဆိုသူကပါ မျက်စိမလွှဲချင်စရာ ကြည့်ကောင်းလွန်းနေတာ။ဒါနဲ့ ဟိုနေ့က စကားဆက်မိလို့ ရစ်ခီကိုမေးကြည့်တော့ သူတို့က ဒီကိုရစ်ခီရဲ့ အလုပ်ကိစ္စတစ်ခုကြောင့် ခဏရောက်လာတာဖြစ်ပြီး နှစ်ယောက်လုံးက အလုပ်ကိုယ်စီနဲ့မို့ မကြာခင်ပြန်ရမည်ဖြစ်ကြောင်းတော့ သိလိုက်ရသည်။
ဒါကြောင့် သူတို့နဲ့ ဝေးဝေးမှာနေရမည်။ခုလည်း တွေ့တာ တစ်ပတ်မျှပင်မပြည့်သေးသည့်အချိန်မှာ နေ့စဥ်နှင့်အမျှ ရုံးဆင်းချိန်တိုင်း လာကြိုနေသည်မို့ ကုမ္ပဏီတစ်ခုလုံးပင် သိကုန်သည့်အနေအထား။
ပြောရင်လည်း အမြဲတမ်းကလန်ကဆန်မနာခံတတ်သည့် ဒီဆောင်းဟန်ဘင်းကြောင့် မလိုက်ဘူးဆိုလည်း သူပဲ လူကြားထဲမှာ အရှက်ကွဲရုံသာ။
သူမလိုက်လည်း ပွေ့ချီသွားမည့် လက်ရဲဇက်ရဲမို့လို့လေ။
ဒါပေမယ့် လက်ရှိအခြေအနေကြီးက ခေါင်းစဥ်တပ်ဖို့ရာ ခဲယဥ်းလှပြီး ဘာအတွက်ကြောင့် ဆောင်းဟန်ဘင်းပြောသမျှကို လိုက်လျောနေမိရပါသနည်း။
ဒီတွေ့မြင်နေတဲ့ အတောအတွင်းမှာလဲ ဆောင်းဟန်ဘင်းက အကြောင်းပြချက်မယ်မယ်ရရမရှိဘဲ အနားမှာအမြဲရှိနေပြီး သူ့မှာတော့ မရေမရာအတွေးတွေကြားထဲမှာပဲ ပိတ်မိနေခဲ့ကာ ပစ်ပစ်ခါခါလည်း မဆက်ဆံခဲ့မိဘဲ ဆောင်းဟန်ဘင်းနဲ့ တွေ့တော့လည်း ငြိုငြင်မိသလိုလိုနဲ့ ပျော်ဝင်မိနေသည့် မိမိအဖြစ်။