ညနေခင်း ပါး အလုပ်က ပြန်လာတော့ မားကလည်း အတော်ကြာအောင်ပင် သေချာ ပါးကို ဖျောင်းဖျကာ ဝင်ပြောပေးနေသည်မို့ ကျန်းဟောင့်လည်း ပါးရှေ့ကို မကြောက်မလန့် ဒူးထောက်ပြီးတော့သာ အနူးအညွတ်တောင်းပန်ရင်း လက်ခံပေးဖို့ တောင်းဆိုမိ၏ ။
အတော်ပင် စိတ်ရှုပ်ဟန် နဖူးကြောတွေ တွန့်ကွေးနေအောင်ထိ ပါးက စိတ်ပျက်နေပြီး ခုပင် လက်မခံပါဘူးပြောလိုက်ရင် သေသွားတော့မည့်အလား ဒူးကို ဖတ်ကာ တိုးလျိူးတောင်းပန်နေသည့် သူ့ကို ကြည့်ပြီး ပြောစရာစကားတို့လည်း မရှိတော့ဟန်။
ခုချိန်ထိ ဘာစကားမှ ဆိုမလာဘဲ အချစ်အတွက်နဲ့ မျက်ကန်းဖြစ်နေတာပဲဆိုတဲ့ အပြောကို အကြည့်နဲ့တင် သူ လက်ခံရရှိလိုက်ပြီး ထပ်ပြီး မျက်ရည်တွေ တတောက်တောက်ကျအောင် ငိုယိုပြီး ပါးကို ဖတ်တွယ်နေခဲ့မိသည်။
ဘေးက မားတောင် ခေါင်းမာတဲ့အချွဲလေးသူ့ကို တအံ့တသြ။သူက ကိုယ်တိုင် တိုက်စစ်ဆင်ပြီး ပါးကို တောင်းဆိုနေတာကိုး။
အချိန်အတော်ကြာ ချွေးစေးတွေထွက်မတတ် မလွတ်တမ်းအလျော့မပေးသည့်သူကို ပါးက အတော်ပင် စိတ်ပျက်လက်ပျက်အသံဖြင့် စဥ်းစားပေးမည်ဟု ဆိုမှ ကျန်းဟောင့် ဝမ်းသာအားရ လွှတ်ပေးမိတော့၏ ။
ဒါပေမယ့် ကျန်းဟောင့်က သူ့ရဲ့ passport ကို ပါးဆီက တောင်းဖို့တော့ မမေ့ခဲ့ပါဘူး။
အခန်းဆီ ထွက်သွားတဲ့ ပါးကို အလျင်အမြန် လေးဖက်လေးထောက်မတတ် passport လိုက်တောင်းခဲ့ပေမယ့် ပါးရဲ့ 'ကျန်းဟောင့် လက်သီးစာမိချင်နေတာလား' ဆိုတဲ့ မျက်ထောင့်နီကြီးနဲ့ အပြောမှာ သူ ကုပ်ကုပ်လေးငြိမ်နေလိုက်ရသည်။ဒီလိုနဲ့ အခြေအနေက ကိုယ့်ဘက်ပြန်ပါလာရပြီမို့ စိတ်အခြေအနေက တော်တော်လေးရွှင်လန်းလာရပြီး ပေါ့ပေါ့ပါးပါးနှင့်ပင် မားကို ရွှတ်ခနဲ ပါးလေးကို နမ်းကာ အိပ်ခန်းတွင်းက အိပ်ရာဆီ ဒိုင်ဗင်ပစ်ပြီး မနက်ကတည်းက ဖုန်းဆက်မလာသေးတဲ့ ရည်းစားလေးကို ဖုန်းဆက်ပြီး ရစ်ရပေဦးမည်။
ဒါပေမယ့် ဆောင်းဟန်ဘင်းက အလုပ်ရှုပ်လို့ မဆက်တာပေပဲလားမသိလို့ သူက ဒါကို ဗွေယူနေလို့ မဖြစ်ဘူးလေ..
ဝေးနေတဲ့ အတောအတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရမယ်မလား...