5

1K 123 3
                                    

"မနက်ဖြန်ဘဲ LA ပြန်တော့မယ့်သူကို စိတ်ကောက်နေတာလားကွာ"

"ဘယ်မှာ စိတ်ကောက်နေလို့လဲ.?"

"စိတ်မကောက်ဘူးဆိုရင် ကိုယ့်ကိုကြည့်"

"မကြည့်ဘူး!"

"ကိုယ့်ကို မျက်နှာလေးတော့ ပြပါဦးကွာ"

"ပြန်တော့.. မိုးချုပ်နေပြီ"

"မပြန်ချင်သေးဘူး"

"ဆောင်းဟန်ဘင်း!"

"တစ်ခါလောက်ပဲဖြစ်ဖြစ် ကိုယ့်ကို အိမ်ထဲအလည်မခေါ်တော့ဘူးလား.?"

"ဟင့်အင်း"

"ဘာလို့လဲ"

"ပြန်တော့"

"baby နဲ့အတူနေတဲ့ သူငယ်ချင်း ဂင်ဂယူဗင်းဆိုတဲ့တစ်ယောက်နဲ့ မိတ်ဆက်ပေးလေ ကိုယ် LA သွားတုန်း baby ကို သေချာအပ်ခဲ့ချင်လို့"

"ဆောင်းဟန်ဘင်း ငါ ကလေးမဟုတ်ဘူးနော်"

"ကိုယ့်အမြင်မှာတော့ ကလေးလေးပဲလေ"

မပြန်ချင်သေးတာကို အကြောင်းပြပြီး ပလီပလာနဲ့ အချိန်ဆွဲနေတဲ့ ဆောင်းဟန်ဘင်းကိုကြည့်ပြီး သူ ရယ်ချင်လာရသည်။

အမြဲတမ်း ကွန်ဒိုရှေ့ထိ လိုက်ပို့တတ်ပေမယ့် တစ်ခါမှ အိမ်ထဲမခေါ်ဖူး။
မနေ့ညက ဖုန်းဆက်တော့ ဘေးနားမှာ ဂယူဗင်းအသံကြားပြီး ဘယ်သူလဲ ဘယ်ကလဲဆိုပြီး ညကြီးထလာမတတ် ရစ်နေခဲ့တာ တစ်ညလုံး။
သူ့မယ် နှုတ်ကသာ မတွဲဖူးဆိုနေတာ ဆောင်းဟန်ဘင်း အထင်လွဲသွားမှာဆိုးလို့ ရှင်းပြလိုက်ရတာ အသည်းအသန်. .
အိမ်မှာက ဂယူဗင်းနဲ့ အတူတူနေတာဖြစ်ပြီး  ပါးနဲ့မားကတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက မွေးရပ်မြေ ဖူကျန့်မှာပဲ အခြေချနေတော့တာဖြစ်သည်။

သူကတော့ အဲ့တုန်းက ကျောင်းမပြီးသေးတော့ မလိုက်ဖြစ်ပဲ ကျောင်းပြီးတော့လည်း ဒီမှာပဲ အလုပ်ဝင်နေတော့ကာ ဖူကျန့်ကို အားလပ်ရက်ရောက်မှဘဲ ပါးနဲ့မားဆီ ပြန်ဖြစ်တော့၏ ။
ဒီကြားထဲ ဆောင်းဟန်ဘင်းရဲ့ ဘာသတင်းမှ မကြားရတော့ဘဲ ​ဆောင်းဟန်ဘင်းမာမီတို့ကလည်း အိမ်ပြောင်းသွားပြီလိုလို ဘာလိုလိုနဲ့ ဆောင်းဟန်ဘင်းတို့နဲ့ အဆက်အသွယ်က လုံးဝကို ပြတ်တောက်သွားရတော့သည် မဟုတ်လား.?.

My Sweetheart    »» CᴏᴍᴘʟᴇᴛᴇᴛᴇᴅWhere stories live. Discover now