ကျန်းဟောင့် ဂယူဗင်းဆီမှ ဘာတုံ့ပြန်စကားမှ နားထောင်မနေတော့ပဲ ဖုန်းကို ဦးအောင်ချပစ်လိုက်သည်။
ပြီးတော့ ဒေါသတွေထွက်လွန်းအားကြီးလွန်းလို့ စိတ်ကို အင်မတန်လျော့ထားရပြီး ရေခဲသေတ္တာထဲက ရေတစ်ခွက်ယူကာ အပြည့်ကြီးကို မော့သောက်ပစ်လိုက်သည်။
ထိုစဥ် နောက်ကနေ ခါးကို သိုင်းဖတ်ပြီး လည်တိုင်တဝိုက်မှာ တိုးဝှေ့လာတဲ့ အထိအတွေ့ကြောင့် ခါးပေါ်က လက်တွေကို ဖြုတ်ချလိုက်ပေမယ့် ပိုပြီး တင်းကျပ်လာပြီး ပိုပြီးတော့ တိုးဝှေ့ပွတ်သပ်လာတဲ့ ဆောင်းဟန်ဘင်း။"အရမ်းလွမ်းနေတာ"
"ငါကတော့ မလွမ်းဘူး..ဖယ်.."
သူ့ဆီက မာဆတ်ဆတ်အသံလေးကြောင့် လည်တိုင်နား တိုးဝှေ့နေတဲ့ ခေါင်းလေးက သူ့မျက်နှာလေးဆီ မျက်နှာချင်းဆိုင် အမိအရကြည့်လာလေသည်။
"ခုနကလား..."
"မဟုတ်ဘူး..ဖယ်"
"သြော်.. အဲဒါ..မာမီက ကိုယ့်အတွက် ပစ္စည်းတစ်ခုကို လီနာနဲ့ ပေးခိုင်းလိုက်လို့လေ"
"ဘယ်သူက မေးနေလို့လဲ..မင်းကိစ္စလေ"
"ဘာဖြစ်နေတာလဲ..မျက်နှာကလည်း စူပုတ်နေတာပဲ ကလေးလေးကျနေရော"
"သြော်..ခုတော့ ငါ့မျက်နှာက စူပုတ်နေတာပဲပေါ့ ဟုတ်လား..ဆောင်းဟန်ဘင်း.. မင်း ငါ့အပေါ် ခံစားချက်တွေရော ကွဲပြားရဲ့လား..ခု ဒီလိုတွေပြောနေတာက မင်း ငါ့အပေါ် သူငယ်ချင်းလိုပဲ တွေးနေလို့ မဟုတ်လား"
"ခု ဘာတွေပြောနေတာလဲ ကိုယ် တစ်ခုမှ နားမလည်တော့ဘူး"
"နားမလည်ချင်ယောင်မဆောင်စမ်းပါနဲ့ ခု မင်းက ငါမရှိလည်း ဖြစ်တယ်မဟုတ်လား.. ငါ ဖူကျန့်ကို ပြန်သွားတဲ့ အချိန်မှာ မင်း ငါ့ကို ဖုန်းလေးတောင် မဆက်ဘူးလေ ..မင်းက ငါ့အပေါ် သွေးအေးသွားတာပဲ..ဆောင်းဟန်ဘင်း"
"ကျန်း ဟောင့်"
"ဘာလဲ..!"
"မင်းခုပြောနေတာတွေ တစ်ခုချင်းစီ ရှင်းပြမှာမလို့ သေချာနားထောင်"
"ကြည့်..! ခုကို အသံက ငါ့ကို စိတ်မရှည်တဲ့ အသံကြီးနဲ့မလား..ဒီမယ် မင်းရဲ့ ဆင်ခြေတွေကို နားမထောင်ချင်တော့ဘူး..ခု ငါ အရမ်း ပင်ပန်းနေလို့.."