ရုတ်တရက်ကြီး မာမားနေမကောင်းလို့ဆိုကာ ဖူကျန့်ကို ပြန်သွားသည့်သူကို ဆောင်းဟန်ဘင်းသိပ်ပြီး မသင်္ကာချင်တော့။
ဟိုတစ်ရက်က နေမကောင်းလို့ အလုပ်မှပြန်လာပြီးကတည်းက အပြုအမူတွေက ထူးဆန်းနေတာဖြစ်ပြီး နေမကောင်းဖြစ်ကာ နားနားနေနေ,နေချင်တယ်ဆိုလို့ ကျန်တာတွေ ထွေထွေထူးထူး မမေးမိ။ဒီကြားထဲ သဘောမတူပါဘူး အဆက်ဖြတ်လိုက်ချည်း ပြောနေတဲ့ မာမီကလည်း baby နဲ့ မတွေ့ပေးခင်မှာတင် ကောက်ခါငင်ခါ LA ကို ရုတ်ခြည်းပြန်သွားသလို ခုလည်း တစ်ရက်ပင်ခြား၏ ။
နောက်တစ်ယောက်ကလည်း ဆောင်းဟန်ဘင်း တားလို့မရလောက်မယ့် အကြောင်းပြချက်ပေးကာ ဖူကျန့်ကို ပြန်သွားသည်။တစ်ခုခုကတော့ ထူးဆန်းနေတာမဟုတ်ဘူးလား..?
အမြဲတမ်း သူ့ကို မငြင်းဆန်ပေမယ့်လည်း အေးတိအေးစက်လေးပဲ ဆက်ဆံတတ်သည့်သူလေးက အဲ့ညမှာပဲ ထူးထူးဆန်းဆန်း သူ့ကို စတင်ဦးဆောင်ကာ ပြင်းပြင်းပြပြနမ်းရှိုက်ခဲ့တာမို့ အဲ့ဒီခဏမှာ သူတောင် အသက်ရှုရပ်မတတ် ရူးလောက်တဲ့ အခိုက်အတန့်တွင် စိတ်တွေ လွတ်ထွက်လုနီးနီးဖြစ်ခဲ့ရ၏ ။
သူ့ကို လွတ်ထွက်မတတ်ဖယ်တွယ်ကာ ရင်ခွင်ထဲ အတင်းခေါင်းတိုးဝင်နေတာမို့ တစ်ညလုံးပွေ့ဖတ်ပေးခဲ့မိတာ မိုးလင်းတဲ့အထိ။ခုလက်ရှိအခြေအနေက အရမ်းကိုစိတ်ရှုပ်နေမိတာဖြစ်ပြီး မျက်ခုံးတွေက စုကျုံ့နေရကာ သက်ပြင်းတွေကိုသာ အခါအခါချမိနေတော့သည်။
ဒီအချိန်မှာမှ ရစ်ခီကလည်း LA ကို ခဏပြန်သွားသည်။
အနီးနားမှာ ဘယ်သူမှ ရှိမနေဘူးဆိုတဲ့ စိတ်ကလည်း အရာရာကို စိတ်ညစ်ညူးစေ၏ ။
လုပ်နေသမျှ အရာတွေကလည်း ဘာတစ်ခုမှ အဆင်မပြေ။အရာရာအဆင်မပြေပါဘူးဆိုမှ အမောပြေ ဖုန်းလေးပြောချင်တာတောင် ဘယ်တော့မှမကိုင်။
စာပို့ထားရသည်ကပဲများ၏ ။ကဲ...သူက မှားလား..?
ဒီကြားထဲ စာပြန်ဖြေတဲ့ပုံစံကလည်း အင်းအဲကမတတ်။
ဆောင်းဟန်ဘင်း ချက်ချင်းကို တရုတ် လိုက်သွားချင်နေပြီဖြစ်သည်။
နဂိုထဲက သူ့ဘက်ကပဲ ဆွဲထားတဲ့ ကြိုးလေးမို့ သူဘက်က အတင်းအကျပ်လုပ်လိုက်ရင် ပြတ်သွားမှာ စိုးလို့သာ သည်းခံနေရသာဖြစ်သည်။
ဘယ်လိုမှကို စိတ်မရှည်နိုင်တော့။
![](https://img.wattpad.com/cover/354498106-288-k537404.jpg)