6

1.1K 119 1
                                    

တစ်ခါတစ်ရံတော့လည်း တစ်ခါလွဲဖူးတဲ့ ကံကြမ္မာကြောင့် နောက်တစ်ကြိမ်ရင်မဆိုင်ချင်လွန်းလို့ နှလုံးသားကို အလိုလိုက်ခဲ့မိတော့ ကံကြမ္မာက ကျီစယ်သား...

အရာရာစိတ်ခံစားချက်မပြေလွန်းတဲ့အချိန်မှာမှ ရာသီဥတုတောင် ကိုယ့်ဘက်မပါ..
အရာရာမြင်နေရတဲ့အရာအားလုံးက ကောင်းကင်ပြင်ကြီး အုံ့မှိုင်းနေမှုနဲ့အတူ ကျန်းဟောင့်အတွက် မြင်မြင်သမျှအရာတွေဟာလည်း စိတ်ညစ်ညူးဖွယ် အုံ့မှိုင်းလို့..။

ငြိမ်ငြိမ်လေးထိုင်နေရင်းကပင် တလိမ့်လိမ့်တတ်လာတဲ့ ခံစားချက်တွေက ဒေါသတွေလား နာကျင်မှုတွေလားတွေလားတောင် မသဲကွဲတော့။
ကလေးကစားစရာအရုပ်လို ဆော့ပြီး ပစ်ချခံလိုက်ရသည့် ခံစားချက်မျိုးမဟုတ်လား..
လက်တွေ့မှာငြင်းဆန်မိပေမယ့် သတိမထားမိခင်မှာတင် နှလုံးသားက တစ်ဖက်လူဆီမှာ ကျွံဝင်နှင့်နေပြီ..
ကွယ်ရာမှာ ဟားတိုက်ရယ်နေမလားဆိုပြီး တုံးအလွန်းတဲ့ ကိုယ့်ကိုကိုယ် ဓားထက်ထက်နဲ့သာ မွှန်းပစ်လိုက်ချင်တော့သည်။

သူ လွယ်ကူခဲ့လွန်းတယ်...

Social Media တွေမှာ မြင်နေရတဲ့ အကြောင်းတွေကလည်း သူ့ကို လှောင်နေခဲ့သလို..

'ကိုရီးယားနွယ်ဖွား LA Model ဂန်လီနာရဲ့ Dating News'

'မော်လ်ဒယ် ဂန်လီနာ နဲ့ ကိုရီးယားစျေးကွက်ကို ထိုးဖောက်ဝင်ရောက်လာတဲ့ LA အခြေစိုက် SR Brand ရဲ့ CEO ဆောင်းဟန်ဘင်း တို့ရဲ့ LA မှာ Date နေတဲ့ ပုံရိပ်များ'

'ချိန်းတွေ့နေသည်မှာ သုံးလခန့် မျှရှိနေပြီဖြစ်'

'LA မှာ အနုပညာလှုပ်ရှားမှုတွေလုပ်နေတဲ့ ဂန်လီနာ Korea's SR Brand ရဲ့ ပင်တိုင်မော်လ်ဒယ်ဖြစ်လာ'

'အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဂန်လီနာရဲ့ Fashion'

'စတိုင်လ်ကျ ချောမောနေတဲ့ SR Brand မှ လူငယ်စီးပွားရေးလုပ်ငန်းရှင်များဖြစ်တဲ့ ဆောင်းဟန်ဘင်းနှင့် ရှန်ရစ်ခီ တို့ရဲ့ လေဆိပ်ဆင်း Fashion'

ခေါင်းစဥ်အမျိုးမျိုးနဲ့ ပွထနေတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ် သတင်းများ..

My Sweetheart    »» CᴏᴍᴘʟᴇᴛᴇᴛᴇᴅWhere stories live. Discover now