အနည်းငယ် အေးစိမ့်စိမ့်နိုင်တဲ့ ရာသီဥတုမှာ အတွင်းက ဆွယ်တာလေးပေါ် အပြာရောင် အနွေးထည် လေးထပ်ဝတ်ပြီး ခေါင်းစွပ်ဦးထုပ်အဖြူရောင်လေးဆောင်းကာ Scarf လေးကို လည်ပင်းမှာ လုံခြုံနေအောင်ပတ်လိုက်ပြီး အပြင်ထွက်ဖို့ ပြင်ဆင်လိုက်သည်။
ဆောင်းဟန်ဘင်းရဲ့ အရာရာ အဆင်ပြေသွားမှာပါဘယ်တော့မှ လက်မလွှတ်တော့ဘူးဆိုတဲ့နောက်မှာ သူ့ဘက်ရော ကိုယ့်ဘက်ရော ရင်ဆိုင်ရမှာတွေက အများသား။
အရင်ဆုံး သူမသိခင်ထဲက လွန်ခဲ့တဲ့လလောက်ကပင် ဆောင်းဟန်ဘင်းက ကိုရီးယားကိုလာဖို့ပြင်ဆင်နေခဲ့တာမို့လို့ ဒီရောက်လာသည်ရော လုပ်ငန်းခွင်ဝင်ဖို့ရောက ဆောင်းဟန်ဘင်းအတွက် အခက်ခဲမရှိ။
အတော်ပင် ခေါင်းမာသည့် ဆောင်းဟန်ဘင်းကို အန်တီတို့ကလည်း လက်မြှောက်ထားရမည်သာ။
ဆောင်းဟန်ဘင်းက သူ့စကားအတိုင်း အရာရာဖြေရှင်းပေးပါ့မယ်ဆိုတာ အလကားတော့ မဟုတ်ခဲ့။
သူ့ကို အနားမှာရှိနေရုံတင် လုံလောက်ပြီဆိုကာ ဆိုးလ်ကိုရောက်ကတည်းက LA ကို တစ်ခေါက်ပဲပြန်ကာ လုပ်ငန်းကိစ္စတွေနဲ့ပတ်သက်တာရော ကျန်းဟောင့်နှင့် ပတ်သက်တာပါ ဖြေရှင်းခဲ့ပြီးဖြစ်မည် ထင်၏ ။။
ဘယ်လိုဆိုဆို အန်တီတို့ လက်ခံလားဆိုသည်မသိရပေမယ့်လည်း ကျန်းဟောင့်ကို ဘာကိစ္စတွေနဲ့မှ တွေးနေစရာမလိုဘူးဆိုပြီး အနားမှာ အမြဲရှိနေပေးသည် ။
ပါးနဲ့မား တို့ကတော့ ဒီအကြောင်းတွေမသိသေး၍ ခုချိန်မှာ အဆင်ပြေနေသေးသည်ဆိုပေမယ့် ဆောင်းဟန်ဘင်းမိဘများနည်းတူ ကန့်ကွက်ကြမည်သာ။
ထို့နောက် ကျန်းဟောင့်ကို တရုတ်ပြန်ခေါ်မည်။
အဆက်အသွယ်ဖြတ်ခိုင်းမည်။
ဒါပဲမို့လို့ ကျန်းဟောင့်ကတော့ ဆုံးဖြတ်ချက်ချထားသည်။
ဆောင်းဟန်ဘင်းနဲ့ သဘောမတူမချင်း တရုတ်ကို မပြန်ဟု။
ဒါပေမယ့်လည်း လောလောဆယ် ဖွင့်ပြောရန် သတ္တိတော့မရှိသေး။
သင့်တော်တဲ့ အခြေအနေနဲ့ အချိန်ခါတော့ စောင့်ရပေဦးမည်။ဒီရက်ပိုင်း ဆောင်းဟန်ဘင်းကလည်း အတော်မှကို အလုပ်များနေကာ ဆောင်းဟန်ဘင်းအိမ်မှာ လိုက်နေ,နေသည့် သူက လုပ်ငန်းလည်း မရှိသည်မို့ အတော်ပင်ပျင်းလှသည်နှင့် အလုပ်တစ်ခုတော့ လုပ်ရမည်ဟု တွေးထား၏ ။