ဆောင်းဟန်ဘင်း ဧည့်ခန်းထဲမှာ ရောက်နေတာကြာပြီဆိုပေမယ့် ကျန်းဟောင့် ခုချိန်ထိ ကလေးနှစ်ယောက်ရဲ့ ပြန်လာမယ့်အရိပ်အယောင်တောင် မမြင်မိသေး။
ကြည့်ရတာ သူ့တို့နှစ်ယောက်ရဲ့ တံခါးပေါက်ဝက အဖြစ်ကို မြင်သွားပြီလားမသိပါဘူး။
အဲ့တုန်းက ကျန်းဟောင့် အသိစိတ်မကပ်နိုင်တာမို့ တံခါးမပိတ်ဘဲ ရှေ့မှာ ဆောင်းဟန်ဘင်း သိမ်းကျူံးဖတ်ထားတာကို ကျောက်ရုပ်လေးလို တစ်စုံတစ်ရာမှ မတုံ့ပြန်နိုင်ဘဲ အသိစိတ်မဲ့နေခဲ့ပြီး တောင့်တောင့်ကြီးရပ်နေမိတာလေ။တွေးကြည့်ရင်းနဲ့ပင် ရှက်စရာကောင်းသည့်မြင်ကွင်းမို့ မျက်ဝန်းတို့ စုံမှိတ်ကာ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းမိလိုက်သည်။
ကြာနေပြီဆိုတော့ ယူဂျင်းတို့ဆီ ဖုန်းဆက်ကြည့်ဦးမှ ထင်၏ ။
ဒါပေမယ့် သူ မဆက်ခင်လေးမှာပဲ ယူဂျင်းဆီက အချိန်ကိုက် မက်ဆေ့ချ်ဝင်လာခဲ့ပြီး ဒီည ဂယူဗင်းက OT ဆင်းရမှာမလို့ အလုပ်ကို ပြန်သွားနေပြီဖြစ်ပြီး သူကတော့ မနက်ဖြန် Trainning ဆင်းရမှာ ညဥ့်နက်နေ၍ ရေမကူးလိုတော့ကြောင်း စိတ်မပူရန် မက်ဆေ့ချ်တစ်စောင်ဖြစ်သည်။ကဲ ဘယ်လောက်တောင် မပိရိလိုက်တဲ့ အကြောင်းပြချက်တွေများလဲ..?
သေချာပေါက်ကို သူ့တို့နှစ်ယောက်ကို တွေ့လိုက်လို့ ရှောင်ပေးလိုက်တဲ့ မပီမပြင် ပလန်အသေးစားလေးတစ်ခုမဟုတ်ဘူးလား.?ဘယ်လိုပဲဆိုဆို ယူဂျင်းလေးရဲ့ အစီအစဥ်ကြောင့်တော့ ကျန်းဟောင့်မှာ မျက်နှာပူသက်သာရပါ၏ ။
ဆောင်းဟန်ဘင်းကတော့ လေဆိပ်ကနေ တန်းလာခဲ့သည်မို့ ရေချိုးဦးမည်ဆိုကာ သူ့အိမ်သူ့ယာလို ကျန်းဟောင့်အခန်းကို မေးပြီး ခပ်တည်တည်နဲ့ ဝင်သွားလေ၏ ။ဒီအချိန်မှာ ဆောင်းဟန်ဘင်းနဲ့ ပတ်သက်ပြီး ကျန်းဟောင့်မှာ တိကျတဲ့ ဆုံးဖြတ်ချက် ဘာတစ်ခုမှမချရသေး။
ဆက်ပြီးတင်းခံနေမည့် စိတ်ကူးကလည်း ဆောင်းဟန်ဘင်းကို မြင်လိုက်သည့် ခဏမှာ အကုန်အရည်ပျော်ကုန်ပြီမလို့ ရှေ့ဆက်ပြီး ဘာလုပ်သင့်မှန်း တကယ်ပင်မစဥ်းစားတတ်တော့။မကြာမီ ဆောင်းဟန်ဘင်းက ရေချိုးပြီးတော့မည်ဆိုတော့ အရင်ဆုံး ညစာတစ်ခုခုတော့ ပြင်ဆင်ထားရမည်။
ထူးထူးထွေထွေစဥ်းစားမနေတော့ဘဲ ရေနွေးအိုးကောက်တည်ကာ ခေါက်ဆွဲပြုတ်ဖို့သာ စီစဥ်လိုက်တော့သည်။
ရေနွေးအိုးတည်ပြီး မကြာခင်မှာပင် တဘတ်တစ်ထည်ပခုံးပေါ်တင်ကာ ခေါင်းရေစက်လက်နှင့် ဆောင်းဟန်ဘင်းက သူ့ဆီ ဦးတည်လာ၏ ။
လက်ရှိ ကျန်းဟောင့် ရင်ဆိုင်နေရတဲ့ ပြဿနာက ဆောင်းဟန်ဘင်း သူ့နားနီးကပ်လာလျှင်ပင် စဥ်းစားနိုင်စွမ်းတို့ တဒင်္ဂမဲ့ကာ ဦးနှောက်ကဗလာဖြစ်နေခဲ့သည်။
ရုတ်တရက် လက်တလော ဘာကိုပြုမူရမှန်းမသိ၍ စားပွဲပေါ်က ရေကရားထဲမှ ရေကို ဖန်ခွက်ထဲ အပြည့်ထည့်ပြီး တစ်ကျိုက်တည်းမော့သောက်ပစ်လိုက်သည်။
ဒီအချိန်ထိ သူ့ကို ဘာစကားမှမဆိုဘဲ ခေါင်းကို တဘတ်ဖြင့်ဖွဖွသုတ်ကာ ရှေ့တူရူ ထိုင်ခုံပေါ်ကနေ သူ့ကို စိုက်ကြည့်နေသည့် ဆောင်းဟန်ဘင်းနဲ့ ဖြတ်ခနဲ အကြည့်တို့ ဆုံမိသွားရ၏ ။