3

1.1K 134 4
                                    

"တော်တော့နော်..မင်းမူးနေပြီ. .ဒီလောက်နဲ့ တော်တော့"

"ဟင့်အင်း မတော်နိုင်ဘူး..ဟာအိုဟျောင်း မကြိုက်တာ ဘာလုပ်မိလို့ ကျွန်တော့်ခံစားချက်တွေကို မသိကျိုးကျွံပြုနေတာလဲ.?"

"ကျေးဇူးပြုပြီး ငါ့လက်ကို ဒီလောက်နဲ့ လွှတ်ပါတော့!!"

"မလွှတ်နိုင်ဘူး ကျွန်တော်အပေါ် ဒီလောက်ထိ လုပ်မှဖြစ်မှာလား"

"အီမင်ဂျယ်!!"

အစကတည်းက အလုပ်တူညီလေးတစ်ယောက်လို ခင်မင်ရသည့် မင်ဂျယ်က ဒီလောက်ကြီးရောင့်တတ်လာလိမ့်မယ်လို့ မထင်မိခဲ့။

ကိုယ့်အပေါ်တဖြည်းဖြည်းမရိုးသားမှန်းသိလာပေမယ့် ကိုယ့်ဘက်က အတတ်နိုင်ဆုံးစည်းတားကာ အရိုးသားဆုံးဆက်ဆံခဲ့၏ ။

အခုလည်း ဌာနတူဝန်ထမ်းအမတစ်ယောက်ရဲ့ မွေးနေ့မို့ အကုန်အတူတူ စားကြသောက်ကြပေမယ့် ကားမယူလာမိဘဲ စောစောပြန်ချင်သည့်သူ​က ဒုက္ခကို လှလှနဲ့တိုးတော့သည်။

ဂယူဗင်းက လိုက်ပို့မယ်ပြောပေမယ့် ဆိုကြကကြမည့်နေရာကို ဆက်သွားကြဦးမှာမို့လို့ အနှောင့်အယှက်မပေးချင်တာနဲ့ ပြန်တော့မည်ဆိုတဲ့ မင်ဂျယ် ကားနဲ့ လိုက်လာခဲ့တာဖြစ်၏ ။

"ဟျောင်း..ချစ်တယ်လို့!! ကျွန်တော့်ကို စဥ်းစားပေးပါနော်"

"စဥ်းစားစရာမလိုဘူး ငါ့က မင်းကို ညီလေးတစ်ယောက်လိုပဲ ခင်တာမို့လို့!!"

တတ်နိုင်သလောက် ပြေပြေလည်လည်ပြောနေရင်းကနေ ရှေ့ဆက်တိုးနေသည်မို့ ဒေါသက ထွက်လာရကာ အသံကလည်း ခပ်တင်းတင်းဖြစ်သွားရသည်။

ခုအနေအထားက မင်ဂျယ်ကားပေါ်မှာဖြစ်ကာ ခါးပတ်,ပတ်ပြီး မောင်းထွက်တော့မည့်ဆဲဆဲတင်မှ ရီ​ဝေ​ဝေအ​​​ကြည့်​တွေနဲ့ ကြည့်လာပြီး ကားမမောင်းဘဲ ​​​​ဒီကောင်က စိတ်ရူးပေါက်ကာ ဟိုလိုလိုဒီလိုလိုစကားတွေ လာပြောနေသည်မဟုတ်လား..

"ဟျောင်း~"

"ခုချက်ချင်း ငါ့လက်ကိုလွှတ်!"

"မလွှတ်ဘူး!!"

မင်ဂျယ်ဆီက ​​သေချာတဲ့အဖြေကိုကြားတာနဲ့ ချက်ချင်း လက်ကို ဆက်ခနဲဆောင့်ရုန်းကာ ခါးပတ်ဖြုတ်ပြီး ကားပေါ်က ဆင်းချလိုက်သည်။

My Sweetheart    »» CᴏᴍᴘʟᴇᴛᴇᴛᴇᴅWhere stories live. Discover now